တန္ဖိုး - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here


[Zawgyi]

တန္ဖိုး


ဟစ္တလာေသေတာ့လည္း ေပ်ာ္တဲ့သူေတြရွိခဲ့မယ္။

ဘင္လာဒင္ေသေတာ့လည္း ေပ်ာ္တဲ့သူေတြရွိခဲ့မယ္။

သူတို႔ေသတာကို ဝမ္းနည္းတဲ့သူလည္းရွိမယ္။


ဗိုလ္ခ်ဳပ္ေအာင္ဆန္းေသတာကို တစ္ႏိုင္ငံလုံးဝမ္းနည္းေနခ်ိန္မွာ က်ိတ္ျပီးဝမ္းသာခဲ့တဲ့သူေတြလည္းရွိမယ္။


ဝိညာဥ္တိုင္းကေတာ့ တန္ဖိုးအတူတူပါပဲ။


အသက္ရွင္ခ်ိန္မွာ လူ႔ေလာကကို

ေကာင္းက်ိဳးျပဳခဲ့လား ဒုကၡေပးခဲ့လား

တည္ေဆာက္ဖို႔ ႀကိဳးစားခဲ့လား ျဖိဳဖ်က္ခဲ့လားဆိုတာေတြြေပၚမူတည္ျပီး

လူ႔ေလာကကသတ္မွတ္တဲ့

လူေကာင္း လူဆိုး လူ႔တန္ဖိုး ဆိုတာေတာ့ရွိတယ္။


လူေကာင္းတစ္ေယာက္

လူ႔တန္ဖိုး ႀကီးတဲ့သူတစ္ေယာက္ေသလို႔ဝမ္းနည္းတဲ့သူေတြနဲ႔.....


လူဆိုးတစ္ေယာက္

လူ႔တန္ဖိုးမွာ အႏႈတ္လကၡဏာျပေနတဲ့သူတစ္ေယာက္ေသလို႔ ဝမ္းနည္းတဲ့သူေတြဟာ မတူပါဘူး....


လူေကာင္းတစ္ေယာက္ေသလို႔ ေပ်ာ္တာနဲ႔လူဆိုး လူယုတ္မာတစ္ေယာက္ေသလို႔ ေပ်ာ္တာ စိတ္သေဘာထားပုံျခင္းမတူပါဘူး။


လူမ်ားစြာကို ဖိႏွိပ္ ႏွိပ္စက္ေနခဲ့သူတစ္ေယာက္ ေသသြားတဲ့အခါ 

လြတ္ေျမာက္သြားတဲ့သူေတြအတြက္ ဝမ္းသာေပးရမွာျဖစ္သလို...


ႏိုင္ငံနဲ႔ လူေတြရဲ႕ ေမ်ွာ္လင့္ခ်က္ အနာဂတ္အတြက္ လုပ္ေဆာင္ေနတဲ့သူ ေသဆုံးသြားတဲ့အခါမွာလည္း

လူအမ်ားအတြက္ ဝမ္းနည္းစရာပါ။


ျခြင္းခ်က္အေနနဲ႔ ႏိုင္ငံနဲ႔ လူအမ်ားအတြက္ ေမွ်ာ္လင့္ခ်က္ကသူတို႔ရဲ႕ အတၱ ကိုယ္က်ိဳး ေမ်ွာ္လင့္ခ်က္ကိုထိခိုက္ဖို႔ျဖစ္ေနတဲ့သူတစ္စုကေတာ့ ဝမ္းသာၾကမွာေပါ့ေလ။


လူေကာင္းေတြေသရင္ လူယုတ္မာေတြေပ်ာ္တယ္။

ကမာၻႀကီးက ဝမ္းနည္းတယ္ ႏွေျမာတယ္။


လူဆိုးလူယုတ္ေတြေသရင္ သူတို႔ အေပါင္းအပါေတြ ဝမ္းနည္းတယ္။


ကမာၻႀကီး ၿငိမ္းခ်မ္းတယ္။



[Unicode]

တန်ဖိုး


ဟစ်တလာသေတော့လည်း ပျော်တဲ့သူတွေရှိခဲ့မယ်။

ဘင်လာဒင်သေတော့လည်း ပျော်တဲ့သူတွေရှိခဲ့မယ်။

သူတို့သေတာကို ဝမ်းနည်းတဲ့သူလည်းရှိမယ်။


ဗိုလ်ချုပ်အောင်ဆန်းသေတာကို တစ်နိုင်ငံလုံးဝမ်းနည်းနေချိန်မှာ ကျိတ်ပြီးဝမ်းသာခဲ့တဲ့သူတွေလည်းရှိမယ်။


ဝိညာဉ်တိုင်းကတော့ တန်ဖိုးအတူတူပါပဲ။


အသက်ရှင်ချိန်မှာ လူ့လောကကို

ကောင်းကျိုးပြုခဲ့လား ဒုက္ခပေးခဲ့လား

တည်ဆောက်ဖို့ ကြိုးစားခဲ့လား ဖြိုဖျက်ခဲ့လားဆိုတာတွေပေါ်မူတည်ပြီး

လူ့လောကကသတ်မှတ်တဲ့

လူကောင်း လူဆိုး လူ့တန်ဖိုး ဆိုတာတော့ရှိတယ်။


လူကောင်းတစ်ယောက်

လူ့တန်ဖိုး ကြီးတဲ့သူတစ်ယောက်သေလို့ဝမ်းနည်းတဲ့သူတွေနဲ့.....


လူဆိုးတစ်ယောက်

လူ့တန်ဖိုးမှာ အနှုတ်လက္ခဏာပြနေတဲ့သူတစ်ယောက်သေလို့ ဝမ်းနည်းတဲ့သူတွေဟာ မတူပါဘူး....


လူကောင်းတစ်ယောက်သေလို့ ပျော်တာနဲ့လူဆိုး လူယုတ်မာတစ်ယောက်သေလို့ ပျော်တာ စိတ်သဘောထားပုံခြင်းမတူပါဘူး။


လူများစွာကို ဖိနှိပ် နှိပ်စက်နေခဲ့သူတစ်ယောက် သေသွားတဲ့အခါ 

လွတ်မြောက်သွားတဲ့သူတွေအတွက် ဝမ်းသာပေးရမှာဖြစ်သလို...


နိုင်ငံနဲ့ လူတွေရဲ့ မျှော်လင့်ချက် အနာဂတ်အတွက် လုပ်ဆောင်နေတဲ့သူ သေဆုံးသွားတဲ့အခါမှာလည်း

လူအများအတွက် ဝမ်းနည်းစရာပါ။


ခြွင်းချက်အနေနဲ့ နိုင်ငံနဲ့ လူအများအတွက် မျှော်လင့်ချက်ကသူတို့ရဲ့ အတ္တ ကိုယ်ကျိုး မျှော်လင့်ချက်ကိုထိခိုက်ဖို့ဖြစ်နေတဲ့သူတစ်စုကတော့ ဝမ်းသာကြမှာပေါ့လေ။


လူကောင်းတွေသေရင် လူယုတ်မာတွေပျော်တယ်။

ကမ္ဘာကြီးက ဝမ်းနည်းတယ် နှမြောတယ်။


လူဆိုးလူယုတ်တွေသေရင် သူတို့ အပေါင်းအပါတွေ ဝမ်းနည်းတယ်။


ကမ္ဘာကြီး ငြိမ်းချမ်းတယ်။


ဒါပါပဲ



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages