အာလူးကိတ္ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here











[Zawgyi]
#အာလူးကိတ္

အသီးအႏွံ သိပ္မစားတဲ့ သားအတြက္ လုပ္ၾကည့္တာပါ။
ပါဝင္ပစၥည္း
၁။အာလူး ၃လံုး
၂။ၾကက္​ဥ ၆လံုး
၃။မုန္လာဥနီ တစ္ပိုင္း
၄။ပန္းင႐ုတ္ပြ ၁လံုး
၅။ၾကက္သြန္နီ ႀကီးႀကီး၂လံုး
၆။ဝက္အူေခ်ာင္း (ဝက္သားမစားရင္ ၾကက္အူေခ်ာင္းထည့္လို႔ရပါတယ္) ၃ေခ်ာင္း

ျပင္ဆင္ပံု
🌸ၾကက္သြန္နီ ပါးပါးလွီး၊ အာလူးအခြံခြာ အကြင္းလိုက္ပါးပါးလွီး၊ မုန္လာဥနီ ကိုျခစ္နဲ႔ျခစ္၊ ပန္းင႐ုတ္ပြကို အေစ့ထုတ္ ပါးပါးလွီး၊ ၾကက္ဥ၆လံုးကို ဆား၊ဟင္းခတ္မႈန္႔ ထည့္ ခေလာက္ထားပါ။ဝက္အူေခ်ာင္းကိုလဲ အခြံခြာ ေသးေသးႏုတ္ႏုတ္လွီးထားပါ။

ခ်က္ျပဳတ္ပံု
ဦးစြာ ၾကက္သြန္နီကို နီေရာင္သမ္းလာေအာင္ေၾကာ္ပါ။ နီလာရင္ အာလူးထည့္၊ ဝက္အူေခ်ာင္းထည့္ပါ။ အာလူးနဲ႔ဝက္အူေခ်ာင္းက်က္ရင္ ဆယ္ၿပီးဆီစစ္ထားပါ။
ဆီစစ္သြားၿပီဆို ၾကက္ဥခေလာက္ထားတဲ့အထဲ အာလူးနဲ႔ဝက္အူေခ်ာင္းေၾကာ္ထားတာထည့္၊ ပန္းင႐ုတ္ပြ ၊ဥနီထည့္ပါ။ သမေအာင္ ခေလာက္ပါ။
 မကပ္တဲ့ဒယ္ထဲ ဆီအနည္းငယ္ထည့္ ဆီပူရင္ မီးကိုအေအးဆံုးမွာထား ခေလာက္ထားတဲ့ၾကက္ဥရည္ကိုထည့္ပါ။ 🌸မီးေအးေအးနဲ႔ စိတ္႐ွည္႐ွည္ေၾကာ္ရပါတယ္။ အတြင္းသားပါက်က္ေအာင္ပါ။ ေအာက္ဖက္နီလာၿပီး အ​ေပၚယံ နဲနဲတင္းလာၿပီဆို ပန္းကန္ျပားတစ္ခ်ပ္နဲ႔ အုပ္ၿပီး အသာေမွာက္ခ် ဒယ္ထဲျပန္ထည့္ တခါမီးေအးေအးနဲ႔ျပန္ေၾကာ္ပါ။ မ်က္ႏွာျပင္ႏွစ္ဖက္လံုး နီၿပီဆို အတြင္းက်က္မက်က္ သြားၾကားထိုးတံ နဲ႔ အလယ္ကိုထိုးၾကည့္ပါ ဘာမွကပ္ပါမလာရင္ က်က္ပါၿပီ။ အေအးခံၿပီး အခ်ဥ္ရည္နဲ႔ပဲစားစား ထမင္းနဲ႔ပဲစားစား စားေကာင္းပါတယ္႐ွင္။

[Unicode]
#အာလူးကိတ်

အသီးအနှံ သိပ်မစားတဲ့ သားအတွက် လုပ်ကြည့်တာပါ။
ပါဝင်ပစ္စည်း
၁။အာလူး ၃လုံး
၂။ကြက်ဥ ၆လုံး
၃။မုန်လာဥနီ တစ်ပိုင်း
၄။ပန်းငရုတ်ပွ ၁လုံး
၅။ကြက်သွန်နီ ကြီးကြီး၂လုံး
၆။ဝက်အူချောင်း (ဝက်သားမစားရင် ကြက်အူချောင်းထည့်လို့ရပါတယ်) ၃ချောင်း

ပြင်ဆင်ပုံ
🌸ကြက်သွန်နီ ပါးပါးလှီး၊ အာလူးအခွံခွာ အကွင်းလိုက်ပါးပါးလှီး၊ မုန်လာဥနီ ကိုခြစ်နဲ့ခြစ်၊ ပန်းငရုတ်ပွကို အစေ့ထုတ် ပါးပါးလှီး၊ ကြက်ဥ၆လုံးကို ဆား၊ဟင်းခတ်မှုန့် ထည့် ခလောက်ထားပါ။ဝက်အူချောင်းကိုလဲ အခွံခွာ သေးသေးနုတ်နုတ်လှီးထားပါ။

ချက်ပြုတ်ပုံ
ဦးစွာ ကြက်သွန်နီကို နီရောင်သမ်းလာအောင်ကြော်ပါ။ နီလာရင် အာလူးထည့်၊ ဝက်အူချောင်းထည့်ပါ။ အာလူးနဲ့ဝက်အူချောင်းကျက်ရင် ဆယ်ပြီးဆီစစ်ထားပါ။
ဆီစစ်သွားပြီဆို ကြက်ဥခလောက်ထားတဲ့အထဲ အာလူးနဲ့ဝက်အူချောင်းကြော်ထားတာထည့်၊ ပန်းငရုတ်ပွ ၊ဥနီထည့်ပါ။ သမအောင် ခလောက်ပါ။
 မကပ်တဲ့ဒယ်ထဲ ဆီအနည်းငယ်ထည့် ဆီပူရင် မီးကိုအအေးဆုံးမှာထား ခလောက်ထားတဲ့ကြက်ဥရည်ကိုထည့်ပါ။ 🌸မီးအေးအေးနဲ့ စိတ်ရှည်ရှည်ကြော်ရပါတယ်။ အတွင်းသားပါကျက်အောင်ပါ။ အောက်ဖက်နီလာပြီး အပေါ်ယံ နဲနဲတင်းလာပြီဆို ပန်းကန်ပြားတစ်ချပ်နဲ့ အုပ်ပြီး အသာမှောက်ချ ဒယ်ထဲပြန်ထည့် တခါမီးအေးအေးနဲ့ပြန်ကြော်ပါ။ မျက်နှာပြင်နှစ်ဖက်လုံး နီပြီဆို အတွင်းကျက်မကျက် သွားကြားထိုးတံ နဲ့ အလယ်ကိုထိုးကြည့်ပါ ဘာမှကပ်ပါမလာရင် ကျက်ပါပြီ။ အအေးခံပြီး အချဉ်ရည်နဲ့ပဲစားစား ထမင်းနဲ့ပဲစားစား စားကောင်းပါတယ်ရှင်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages