ႏွလံုးခုန္ႏႈန္း ျမန္ျခင္း၊ ရင္တုန္ျခင္း - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
ႏွလံုးခုန္ႏႈန္း ျမန္ျခင္း၊ ရင္တုန္ျခင္း

ႏွလံုးခုန္ႏႈန္း ျမန္ျခင္း၊ ရင္တုန္ျခင္း

Share This
[Zawgyi]
ႏွလံုးခုန္ႏႈန္း ျမန္ျခင္း၊ ရင္တုန္ျခင္း

လူတစ္ေယာက္ရဲ႕ ပံုမွန္ႏွလံုးခုန္ႏႈန္းဟာ တစ္မိနစ္ကို ၇၂ ႀကိမ္ ရွိရမယ့္အစား ၁၈၀-၂၀၀ ေလာက္ထိ ျဖစ္လာတာကို ႏွလံုးခုန္ႏႈန္းျမန္ျခင္း (Tachycardia) လုိ႔ ေခၚပါတယ္။  ႐ုတ္တရက္ ျဖစ္ေပၚတတ္ၿပီး ႏွလံုးခုန္ျမန္တာေၾကာင့္ အသက္႐ွဴရ ခက္ခဲတာ၊ ပ်ဳိ႕တာနဲ႔ ေခၽြးထြက္မ်ားတာေတြ ျဖစ္တတ္ပါတယ္။ ႏွလံုးခုန္ႏႈန္းျမန္လုိ႔ ရင္ေတြ တအားတုန္ေနရင္ ေအာက္ပါတုိ႔ကို ျပဳလုပ္ေပးပါ။

၁။ အနားယူပါ

ရင္တုန္လာတာနဲ႔ တစ္ၿပိဳင္နက္ လုပ္ေနတဲ့ အလုပ္ေတြကို ရပ္နားလုိက္ၿပီး အနားယူလုိက္ပါ။ အနားယူတာဟာ ရင္တုန္တာအတြက္ အေကာင္းဆံုးနည္းလမ္းပါ။

၂။ အာ႐ံုေၾကာကို လႈံ႕ေဆာ္ပါ

သင္ရဲ႕ ႏွလံုးခုန္ႏႈန္း ဘယ္ေလာက္ ျမန္ဆန္တယ္ဆုိတာဟာ ႏွလံုးႂကြက္သားေတြ က်ဳံ႕တာကို ထိန္းခ်ဳပ္ထားတဲ့ အာ႐ံုေၾကာေတြေပၚမွာ မူတည္ပါတယ္။ Sympathetic နဲ႔ Parasympathetic အာ႐ံုေၾကာ ႏွစ္မ်ဳိးကေန ထိန္းခ်ဳပ္ထားၿပီး Sympathetic အာ႐ံုေၾကာ ထိန္းခ်ဳပ္မႈ လႊမ္းမုိးရင္ ႏွလံုးခုန္ႏႈန္း ျမန္တတ္ပါတယ္။ ဒါေၾကာင့္ Parasympathetic အာ႐ံုေၾကာ (Vagal) ကို လႈံ႕ေဆာ္ေပးရပါမယ္။ အသက္ျပင္းျပင္း႐ွဴၿပီး ဝမ္းညႇစ္သလုိ ညႇစ္ထုတ္လုိက္ပါ။

၃။ ညာဘက္ Carotid ေသြးေၾကာမကို ဖိႏွိပ္ေပးပါ

ညာဘက္ Carotid ေသြးေၾကာမကုိ ဖိႏွိပ္တာကလည္း Vagal ကို လႈံ႕ေဆာ္ႏုိင္ပါတယ္။ ညာဘက္ Carotid ေသြးေၾကာရွိတဲ့ေနရာကို ညႊန္ျပႏုိင္ၿပီး ဘယ္ေလာက္ပမာဏ ဖိအားေပးရမယ္ဆုိတာကို သိရွိႏုိင္တဲ့ ဆရာဝန္နဲ႔ ျပပါ။

၄။ ေရငုပ္သလုိမ်ဳိး လုပ္ပါ

ပင္လယ္ ႏို႔တုိက္သတၱဝါေတြဟာ ေရရဲ႕အေအးဆံုးအပိုင္းကို ေရာက္သြားရင္ သူတို႔ရဲ႕ ႏွလံုးခုန္ႏႈန္းဟာလည္း အလုိလုိ ေႏွးေကြးသြားပါတယ္။ သင္လည္း ေရငုပ္သလုိ အက်ဳိးေက်းဇူးရရွိေအာင္ ေရဇလံုတစ္ခုထဲ ေရခဲေရထည့္ၿပီး သင့္မ်က္ႏွာကို တစ္စကၠန္႔၊ ႏွစ္စကၠန္႔ေလာက္ ငုံ႔ထားပါ။

၅။ ေကာ္ဖီ မေသာက္ပါနဲ႔

ကုိလာ၊ လက္ဖက္ရည္၊ ေကာ္ဖီ၊ ေခ်ာကလက္ ဒါမွမဟုတ္ စိတ္ႂကြေစတဲ့ အစားအစာေတြ အားလံုးကို ေရွာင္ထားပါ။

၆။ သင့္ဦးေႏွာက္ကို  အာဟာရ မွန္မွန္ရရွိပါေစ

သင္ရဲ႕ အလုိအေလ်ာက္ အာ႐ံုေၾကာစနစ္ (Autonomic Nervous System) ကို ထိန္းခ်ဳပ္ႏိုင္ဖုိ႔အတြက္ မွန္ကန္တဲ့ အစားအစာ၊ ေလ့က်င့္ခန္း၊ အေကာင္းျမင္ ဝါဒေတြကို က်င့္သံုးရပါမယ္။ စိတ္ဖိစီးမႈ၊ က်န္းမာေရးနဲ႔ မညီၫြတ္တဲ့ အစားအစာနဲ႔ ေလထုညစ္ညမ္းမႈေတြဟာ အလုိအေလ်ာက္ အာ႐ံုေၾကာစနစ္ကို ပ်က္စီးေစတတ္ပါတယ္။

(က) က်န္းမာေရးနဲ႔ ညီၫြတ္တဲ့ အစားအေသာက္ေတြကို ပံုမွန္စားေသာက္ၿပီး အခ်ဳိစာေတြကို ေလွ်ာ့ပါ

သင္ဟာ ထမင္းနပ္ေက်ာ္ၿပီး အခ်ဳိစာ၊ သေရစာနဲ႔ ေဆာ္ဒါေတြကိုပဲ စားမယ္ဆုိရင္ အဲဒီအခ်ဳိစာေတြအတြက္ သင့္မုန္႔ခ်ဳိအိတ္မွ Enzyme ေတြ အျမန္ထြက္ရွိလာပါတယ္။ ဒါေၾကာင့္ အင္ဆူလင္ေတြ အမ်ားအျပားျဖစ္လာၿပီး ေသြးတြင္း သၾကားဓာတ္ ေလ်ာ့နည္းသြားပါတယ္။ အဲဒါအတြက္ အသည္းမွ စုေဆာင္းထားတဲ့ သၾကားေတြကို အသံုးျပဳဖုိ႔ Adrenaline ေတြ အမ်ားအျပား ထြက္လာပါတယ္။ Adrenaline ေတြ ထြက္လာတာေၾကာင့္ ႐ုတ္တရက္ ႏွလံုးခုန္ႏႈန္း ျမန္လာတတ္ပါတယ္။

(ခ) အသားဓာတ္မ်ားမ်ား စားပါ

ဇီဝ႐ုပ္ျဖစ္ပ်က္ႏႈန္း ျမန္တဲ့လူေတြဟာ ပ႐ိုတင္း ပါဝင္မႈမ်ားတဲ့ အစာမ်ားမ်ား စားရပါမယ္။ ပ႐ုိတင္းကို အစာေျခဖုိ႔ အခ်ိန္မ်ားမ်ား ယူရတာေၾကာင့္ ေသြးတြင္း သၾကားဓာတ္ မက်ဆင္းေအာင္ ကာကြယ္ႏုိင္ပါတယ္။

(ဂ) စိတ္ဖိစီးမႈေလွ်ာ့ပါ

စိတ္ဖိစီးမႈ အလြန္မ်ားတဲ့သူေတြဟာ ႏွလံုးကို ထိန္းခ်ဳပ္တဲ့ Autonomic Nervous System လည္း ပ်က္သြားၿပီး ႏွလံုးခုန္ႏႈန္း ျမန္တတ္ပါတယ္။ စိတ္ဖိစီးမႈ ေျဖေလွ်ာ့ႏုိုင္တဲ့ နည္းလမ္းေတြ အသံုးျပဳသြားပါ။

၇။ မဂၢနီဆီယမ္ဓာတ္ အားျဖည့္ပါ

မဂၢနီစီယမ္ဟာ ႏွလံုးႂကြက္သားေတြ က်ံဳ႕ႏုိင္၊ ဆန္႔ႏုိင္ဖုိ႔ လႈံ႕ေဆာ္ႏိုင္တဲ့ ကယ္လ္စီယမ္ရဲ႕ အက်ိဳးအာနိသင္ကို ညီၫြတ္မႈရွိေအာင္ ကူညီႏုိင္ပါတယ္။ မဂၢနီဆီယမ္ေၾကာင့္ ႏွလံုးႂကြက္သားေတြဟာ စည္းခ်က္ညီညီနဲ႔ က်ံဳ႕ႏိုင္၊ ဆန္႔ႏိုင္ၿပီး ႏွလံုးခုန္ႏႈန္း ျမန္ႏုိင္ေျခ နည္းသြားပါတယ္။ ပဲပိစပ္၊ အခြံမာသီးနဲ႔ ပဲအမ်ဳိးမ်ဳိးကုိ စားေပးပါ။

၈။ ပိုတက္စီယမ္ ခ်ဳိ႕တဲ့မႈ မရွိပါေစႏွင့္

ပိုတက္စီယမ္ဓာတ္ဟာလည္း ႏွလံုးလုပ္ေဆာင္မႈကို ေႏွးေကြးေစႏုိင္ပါတယ္။ ပိုတက္စီယမ္ကို သစ္သီးနဲ႔ ဟင္းသီးေတြမွာ အမ်ားအျပား ေတြ႕ရွိႏိုင္ပါတယ္။ ဆုိဒီယမ္ ပါဝင္မႈမ်ားတဲ့အစာ စားသံုးရင္ ဒါမွမဟုတ္ ဆီးေဆး ဒါမွမဟုတ္ ဝမ္းႏုတ္ေဆးေတြ အသံုးမ်ားရင္ ပိုတက္စီယမ္ ခ်ဳိ႕တဲ့ႏိုင္ပါတယ္။

၉။ ေလ့က်င့္ခန္းလုပ္ပါ

ေလ့က်င့္ခန္း မလုပ္သူေတြရဲ႕ ႏွလံုးခုန္ႏႈန္းဟာ တစ္မိနစ္ကို အႀကိမ္ ၈၀ ခန္႔ ရွိပါတယ္။ သူတုိ႔ဟာ လမ္းျမန္ျမန္ ေလွ်ာက္လုိက္ရင္ေတာင္ ႏွလံုးခုန္ႏႈန္း ၁၆၀-၁၇၀ ထိ ျမင့္တက္သြားႏုိင္ပါတယ္။ ဒါေပမဲ့ ေလ့က်င့္ခန္းလုပ္တဲ့ အက်င့္ျဖစ္သြားရင္ သူတုိ႔ရဲ႕ ႏွလံုးခုန္ႏႈန္းဟာ နားေနခ်ိန္မွာ ၆၀ မွ ၆၅ ထိ ျဖစ္သြားႏိုင္ပါတယ္။ ေလ့က်င့္ခန္း လုပ္တာေၾကာင့္ Adrenaline ေတြ အမ်ားအျပား ထြက္တာကိုလည္း ခံႏုိင္ရည္ရွိသြားပါတယ္။

၁၀။ ဆရာဝန္နဲ႔ ဘယ္အခ်ိန္ျပမလဲ

သင့္ႏွလံုးခုန္ႏႈန္းဟာ ပံုမွန္ထက္ ျမင့္မားလာရင္ ဆရာဝန္နဲ႔ အျမန္ဆံုးျပပါ။ ဆရာဝန္သာလွ်င္ ႏွလံုးခုန္ႏႈန္း သာမန္ျမန္တာလား (Paroxysmal Atrial Tachycardia)၊ အလြန္ျပင္းထန္တဲ့ ႏွလံုးခုန္ႏႈန္း ျမန္တာလား (Ventricular Tachycardia) ဆုိတာကုိ ခြဲျခားတတ္ပါတယ္။ ဒါ့အျပင္ ႏွလံုးေရာဂါ၊ သုိင္း႐ိြဳက္ေရာဂါနဲ႔ အဆုတ္ေရာဂါေတြကိုလည္း စစ္ေဆးေပးႏုိင္ပါတယ္။



[Unicode]
နှလုံးခုန်နှုန်း မြန်ခြင်း၊ ရင်တုန်ခြင်း

လူတစ်ယောက်ရဲ့ ပုံမှန်နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို ၇၂ ကြိမ် ရှိရမယ့်အစား ၁၈၀-၂၀၀ လောက်ထိ ဖြစ်လာတာကို နှလုံးခုန်နှုန်းမြန်ခြင်း (Tachycardia) လို့ ခေါ်ပါတယ်။  ရုတ်တရက် ဖြစ်ပေါ်တတ်ပြီး နှလုံးခုန်မြန်တာကြောင့် အသက်ရှူရ ခက်ခဲတာ၊ ပျို့တာနဲ့ ချွေးထွက်များတာတွေ ဖြစ်တတ်ပါတယ်။ နှလုံးခုန်နှုန်းမြန်လို့ ရင်တွေ တအားတုန်နေရင် အောက်ပါတို့ကို ပြုလုပ်ပေးပါ။

၁။ အနားယူပါ

ရင်တုန်လာတာနဲ့ တစ်ပြိုင်နက် လုပ်နေတဲ့ အလုပ်တွေကို ရပ်နားလိုက်ပြီး အနားယူလိုက်ပါ။ အနားယူတာဟာ ရင်တုန်တာအတွက် အကောင်းဆုံးနည်းလမ်းပါ။

၂။ အာရုံကြောကို လှုံ့ဆော်ပါ

သင်ရဲ့ နှလုံးခုန်နှုန်း ဘယ်လောက် မြန်ဆန်တယ်ဆိုတာဟာ နှလုံးကြွက်သားတွေ ကျုံ့တာကို ထိန်းချုပ်ထားတဲ့ အာရုံကြောတွေပေါ်မှာ မူတည်ပါတယ်။ Sympathetic နဲ့ Parasympathetic အာရုံကြော နှစ်မျိုးကနေ ထိန်းချုပ်ထားပြီး Sympathetic အာရုံကြော ထိန်းချုပ်မှု လွှမ်းမိုးရင် နှလုံးခုန်နှုန်း မြန်တတ်ပါတယ်။ ဒါကြောင့် Parasympathetic အာရုံကြော (Vagal) ကို လှုံ့ဆော်ပေးရပါမယ်။ အသက်ပြင်းပြင်းရှူပြီး ဝမ်းညှစ်သလို ညှစ်ထုတ်လိုက်ပါ။

၃။ ညာဘက် Carotid သွေးကြောမကို ဖိနှိပ်ပေးပါ

ညာဘက် Carotid သွေးကြောမကို ဖိနှိပ်တာကလည်း Vagal ကို လှုံ့ဆော်နိုင်ပါတယ်။ ညာဘက် Carotid သွေးကြောရှိတဲ့နေရာကို ညွှန်ပြနိုင်ပြီး ဘယ်လောက်ပမာဏ ဖိအားပေးရမယ်ဆိုတာကို သိရှိနိုင်တဲ့ ဆရာဝန်နဲ့ ပြပါ။

၄။ ရေငုပ်သလိုမျိုး လုပ်ပါ

ပင်လယ် နို့တိုက်သတ္တဝါတွေဟာ ရေရဲ့အအေးဆုံးအပိုင်းကို ရောက်သွားရင် သူတို့ရဲ့ နှလုံးခုန်နှုန်းဟာလည်း အလိုလို နှေးကွေးသွားပါတယ်။ သင်လည်း ရေငုပ်သလို အကျိုးကျေးဇူးရရှိအောင် ရေဇလုံတစ်ခုထဲ ရေခဲရေထည့်ပြီး သင့်မျက်နှာကို တစ်စက္ကန့်၊ နှစ်စက္ကန့်လောက် ငုံ့ထားပါ။

၅။ ကော်ဖီ မသောက်ပါနဲ့

ကိုလာ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ချောကလက် ဒါမှမဟုတ် စိတ်ကြွစေတဲ့ အစားအစာတွေ အားလုံးကို ရှောင်ထားပါ။

၆။ သင့်ဦးနှောက်ကို  အာဟာရ မှန်မှန်ရရှိပါစေ

သင်ရဲ့ အလိုအလျောက် အာရုံကြောစနစ် (Autonomic Nervous System) ကို ထိန်းချုပ်နိုင်ဖို့အတွက် မှန်ကန်တဲ့ အစားအစာ၊ လေ့ကျင့်ခန်း၊ အကောင်းမြင် ဝါဒတွေကို ကျင့်သုံးရပါမယ်။ စိတ်ဖိစီးမှု၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာနဲ့ လေထုညစ်ညမ်းမှုတွေဟာ အလိုအလျောက် အာရုံကြောစနစ်ကို ပျက်စီးစေတတ်ပါတယ်။

(က) ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်ပြီး အချိုစာတွေကို လျှော့ပါ

သင်ဟာ ထမင်းနပ်ကျော်ပြီး အချိုစာ၊ သရေစာနဲ့ ဆော်ဒါတွေကိုပဲ စားမယ်ဆိုရင် အဲဒီအချိုစာတွေအတွက် သင့်မုန့်ချိုအိတ်မှ Enzyme တွေ အမြန်ထွက်ရှိလာပါတယ်။ ဒါကြောင့် အင်ဆူလင်တွေ အများအပြားဖြစ်လာပြီး သွေးတွင်း သကြားဓာတ် လျော့နည်းသွားပါတယ်။ အဲဒါအတွက် အသည်းမှ စုဆောင်းထားတဲ့ သကြားတွေကို အသုံးပြုဖို့ Adrenaline တွေ အများအပြား ထွက်လာပါတယ်။ Adrenaline တွေ ထွက်လာတာကြောင့် ရုတ်တရက် နှလုံးခုန်နှုန်း မြန်လာတတ်ပါတယ်။

(ခ) အသားဓာတ်များများ စားပါ

ဇီဝရုပ်ဖြစ်ပျက်နှုန်း မြန်တဲ့လူတွေဟာ ပရိုတင်း ပါဝင်မှုများတဲ့ အစာများများ စားရပါမယ်။ ပရိုတင်းကို အစာခြေဖို့ အချိန်များများ ယူရတာကြောင့် သွေးတွင်း သကြားဓာတ် မကျဆင်းအောင် ကာကွယ်နိုင်ပါတယ်။

(ဂ) စိတ်ဖိစီးမှုလျှော့ပါ

စိတ်ဖိစီးမှု အလွန်များတဲ့သူတွေဟာ နှလုံးကို ထိန်းချုပ်တဲ့ Autonomic Nervous System လည်း ပျက်သွားပြီး နှလုံးခုန်နှုန်း မြန်တတ်ပါတယ်။ စိတ်ဖိစီးမှု ဖြေလျှော့နိုင်တဲ့ နည်းလမ်းတွေ အသုံးပြုသွားပါ။

၇။ မဂ္ဂနီဆီယမ်ဓာတ် အားဖြည့်ပါ

မဂ္ဂနီစီယမ်ဟာ နှလုံးကြွက်သားတွေ ကျုံ့နိုင်၊ ဆန့်နိုင်ဖို့ လှုံ့ဆော်နိုင်တဲ့ ကယ်လ်စီယမ်ရဲ့ အကျိုးအာနိသင်ကို ညီညွတ်မှုရှိအောင် ကူညီနိုင်ပါတယ်။ မဂ္ဂနီဆီယမ်ကြောင့် နှလုံးကြွက်သားတွေဟာ စည်းချက်ညီညီနဲ့ ကျုံ့နိုင်၊ ဆန့်နိုင်ပြီး နှလုံးခုန်နှုန်း မြန်နိုင်ခြေ နည်းသွားပါတယ်။ ပဲပိစပ်၊ အခွံမာသီးနဲ့ ပဲအမျိုးမျိုးကို စားပေးပါ။

၈။ ပိုတက်စီယမ် ချို့တဲ့မှု မရှိပါစေနှင့်

ပိုတက်စီယမ်ဓာတ်ဟာလည်း နှလုံးလုပ်ဆောင်မှုကို နှေးကွေးစေနိုင်ပါတယ်။ ပိုတက်စီယမ်ကို သစ်သီးနဲ့ ဟင်းသီးတွေမှာ အများအပြား တွေ့ရှိနိုင်ပါတယ်။ ဆိုဒီယမ် ပါဝင်မှုများတဲ့အစာ စားသုံးရင် ဒါမှမဟုတ် ဆီးဆေး ဒါမှမဟုတ် ဝမ်းနုတ်ဆေးတွေ အသုံးများရင် ပိုတက်စီယမ် ချို့တဲ့နိုင်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ပါ

လေ့ကျင့်ခန်း မလုပ်သူတွေရဲ့ နှလုံးခုန်နှုန်းဟာ တစ်မိနစ်ကို အကြိမ် ၈၀ ခန့် ရှိပါတယ်။ သူတို့ဟာ လမ်းမြန်မြန် လျှောက်လိုက်ရင်တောင် နှလုံးခုန်နှုန်း ၁၆၀-၁၇၀ ထိ မြင့်တက်သွားနိုင်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ခန်းလုပ်တဲ့ အကျင့်ဖြစ်သွားရင် သူတို့ရဲ့ နှလုံးခုန်နှုန်းဟာ နားနေချိန်မှာ ၆၀ မှ ၆၅ ထိ ဖြစ်သွားနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တာကြောင့် Adrenaline တွေ အများအပြား ထွက်တာကိုလည်း ခံနိုင်ရည်ရှိသွားပါတယ်။

၁၀။ ဆရာဝန်နဲ့ ဘယ်အချိန်ပြမလဲ

သင့်နှလုံးခုန်နှုန်းဟာ ပုံမှန်ထက် မြင့်မားလာရင် ဆရာဝန်နဲ့ အမြန်ဆုံးပြပါ။ ဆရာဝန်သာလျှင် နှလုံးခုန်နှုန်း သာမန်မြန်တာလား (Paroxysmal Atrial Tachycardia)၊ အလွန်ပြင်းထန်တဲ့ နှလုံးခုန်နှုန်း မြန်တာလား (Ventricular Tachycardia) ဆိုတာကို ခွဲခြားတတ်ပါတယ်။ ဒါ့အပြင် နှလုံးရောဂါ၊ သိုင်းရွိုက်ရောဂါနဲ့ အဆုတ်ရောဂါတွေကိုလည်း စစ်ဆေးပေးနိုင်ပါတယ်။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages