လည်ချောင်းကင်ဆာရှေ့ပြေးလက္ခဏာများနှင့် ကာကွယ်နည်း - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
လည်ချောင်းကင်ဆာရှေ့ပြေးလက္ခဏာများနှင့် ကာကွယ်နည်း

လည်ချောင်းကင်ဆာရှေ့ပြေးလက္ခဏာများနှင့် ကာကွယ်နည်း

Share This
[Zawgyi]
လည္ေခ်ာင္းကင္ဆာေရွ႕ေျပးလကၡဏာမ်ားႏွင့္ ကာကြယ္နည္း

ႏွာေခါင္းေနာက္ဘက္ကေနစျပီး လည္ပင္းမွာ အဆံုးသတ္တဲ့ အေခါင္းေပါက္ျပြန္ကို လည္ေခ်ာင္းလို႕ေခၚပါတယ္။ ကင္ဆာေရာဂါတစ္ဝက္ေလာက္က လည္ေခ်ာင္းမွာျဖစ္တာပါ။ အသံအိုးနဲ႔ အာသီးရဲ႕ ေဘးတစ္ဖက္တစ္ခ်က္စီက အာေခါင္မွာလည္း ကင္ဆာ ျဖစ္ႏိုင္ပါတယ္။ ဒီလိုကင္ဆာမ်ိဳးကိုေတာ့ laryngeal cancer လို႕ေခၚပါတယ္။ ဝ.၃ ရာခိုင္ႏႈန္းေသာလူေတြမွာ ဒီကင္ဆာ မ်ိဳးျဖစ္ပြားႏိုင္ပါတယ္။ အေမရိကန္ မင္းသား Michael Douglas ဟာဆိုရင္ ၂၀၁၀ ခုႏွစ္မွာ လည္ေခ်ာင္းကင္ဆာ စတင္ခံစားခဲ့ရျပီး ကင္ဆာကုထံုးႏွင့္ ဓာတ္ေရာင္ျခည္ကုထုံး ၈ ပတ္ၾကာ ကုသမႈခံယူခဲ့ရပါတယ္။ ကိုရီးယားမင္းသား ကင္ဝူဘင္ဟာဆိုရင္လည္း ကင္ဆာကုထံုး အဆင့္ဆင့္ ခံယူေနတာေတာင္မွာ အရွင္း မေပ်ာက္ကင္းေသးပါဘူး။ လည္ေခ်ာင္းကင္ဆာက ပ်ံ႕တာက ျမန္ပါတယ္။ ဒါေၾကာင့္ အခ်ိန္မီသိရွိျပီး ကုသႏိုင္ဖို႕ အေရးၾကီးပါတယ္။ ေစာေစာသိျပီး ကုသမယ္ဆို ေပ်ာက္ကင္းႏိုင္ေခ်မ်ားပါတယ္။

လည္ေခ်ာင္းကင္ဆာေရာဂါ လကၡဏာေတြကေတာ့
• အစာျမိဳရခက္ျခင္း
• အသံေျပာင္းသြားျခင္း ( အသံ အက္ျခင္း ၊ အသံျပာျခင္း )
• အခ်ိန္ၾကာ မေပ်ာက္ကင္းေသာ ေခ်ာင္းဆိုးျခင္း/လည္ေခ်ာင္းနာျခင္း
• ေခါင္းကိုက္ျခင္း
• အေၾကာင္းရင္းမရွိ ကိုယ္အေလးခ်ိန္က်သြားျခင္း
• လွ်ာခင္ေတြ ေရာင္ျခင္း
• နားနာက်င္ျခင္း တို႕ပဲျဖစ္ပါတယ္။
ဒီလိုလကၡဏာေတြ စတင္ခံစားေနရျပီဆိုရင္ေတာ့ ဆရာဝန္နဲ႕ ျမန္ျမန္သြားေရာက္တိုင္ပင္ေဆြးေႏြးပါ။

လည္ေခ်ာင္းကင္ဆာ ျဖစ္ပြားရတဲ့အေၾကာင္းရင္းေတြက
• ေဆးရြက္ၾကီးသံုးစြဲျခင္း ၊ ေဆးလိပ္ေသာက္ျခင္း
• အရက္အလြန္အကၽြံေသာက္ျခင္း
• HPV (human papillomavirus) ပိုးေၾကာင့္ျဖစ္ျခင္း
• အမ်ိဳးသားမ်ားက အမ်ိဳးသမီးမ်ားထက္ျဖစ္ပြားႏိုင္ေခ် ၅ ဆပိုမ်ားပါတယ္။
• လည္ေခ်ာင္းကင္ဆာက မ်ားေသာအားျဖင့္ အသက္ ၆၅ ႏွစ္ေက်ာ္အရြယ္ေတြမွာ အျဖစ္မ်ားပါတယ္။
• ဓာတုေဗဒပစၥည္းေတြ ထိေတြ႕ကိုင္တြယ္ေနရသူေတြမွာ ျဖစ္ပြားႏိုင္ေခ်မ်ားပါတယ္။

လည္ေခ်ာင္းကင္ဆာကိုဘယ္လိုကာကြယ္မလဲ??
၁။ေဆးလိပ္မေသာက္ပါႏွင့္။
၂။အရက္ အလြန္အကၽြံ မေသာက္သံုးပါႏွင့္။
၃။ က်န္းမာေစေသာအစားအစာေတြ စားသံုးေပးပါ။

လည္ေခ်ာင္းကင္ဆာက ဆိုးရြားတဲ့ေရာဂါတစ္ခုဆိုေပမဲ့ ေစာစီးစြာသိရွိျပီး ကုသမႈခံယူမယ္ဆို ကင္ဆာမပ်ံ႕သြားေအာင္ ေဆာင္ရြက္လို႔ရပါေၾကာင္း က်န္းမာေရး ဗဟုသုတအေနနဲ႕ေဖာ္ျပေပးလိုက္ပါတယ္...။



[Unicode]
လည်ချောင်းကင်ဆာရှေ့ပြေးလက္ခဏာများနှင့် ကာကွယ်နည်း

နှာခေါင်းနောက်ဘက်ကနေစပြီး လည်ပင်းမှာ အဆုံးသတ်တဲ့ အခေါင်းပေါက်ပြွန်ကို လည်ချောင်းလို့ခေါ်ပါတယ်။ ကင်ဆာရောဂါတစ်ဝက်လောက်က လည်ချောင်းမှာဖြစ်တာပါ။ အသံအိုးနဲ့ အာသီးရဲ့ ဘေးတစ်ဖက်တစ်ချက်စီက အာခေါင်မှာလည်း ကင်ဆာ ဖြစ်နိုင်ပါတယ်။ ဒီလိုကင်ဆာမျိုးကိုတော့ laryngeal cancer လို့ခေါ်ပါတယ်။ ဝ.၃ ရာခိုင်နှုန်းသောလူတွေမှာ ဒီကင်ဆာ မျိုးဖြစ်ပွားနိုင်ပါတယ်။ အမေရိကန် မင်းသား Michael Douglas ဟာဆိုရင် ၂၀၁၀ ခုနှစ်မှာ လည်ချောင်းကင်ဆာ စတင်ခံစားခဲ့ရပြီး ကင်ဆာကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံး ၈ ပတ်ကြာ ကုသမှုခံယူခဲ့ရပါတယ်။ ကိုရီးယားမင်းသား ကင်ဝူဘင်ဟာဆိုရင်လည်း ကင်ဆာကုထုံး အဆင့်ဆင့် ခံယူနေတာတောင်မှာ အရှင်း မပျောက်ကင်းသေးပါဘူး။ လည်ချောင်းကင်ဆာက ပျံ့တာက မြန်ပါတယ်။ ဒါကြောင့် အချိန်မီသိရှိပြီး ကုသနိုင်ဖို့ အရေးကြီးပါတယ်။ စောစောသိပြီး ကုသမယ်ဆို ပျောက်ကင်းနိုင်ချေများပါတယ်။

လည်ချောင်းကင်ဆာရောဂါ လက္ခဏာတွေကတော့
• အစာမြိုရခက်ခြင်း
• အသံပြောင်းသွားခြင်း ( အသံ အက်ခြင်း ၊ အသံပြာခြင်း )
• အချိန်ကြာ မပျောက်ကင်းသော ချောင်းဆိုးခြင်း/လည်ချောင်းနာခြင်း
• ခေါင်းကိုက်ခြင်း
• အကြောင်းရင်းမရှိ ကိုယ်အလေးချိန်ကျသွားခြင်း
• လျှာခင်တွေ ရောင်ခြင်း
• နားနာကျင်ခြင်း တို့ပဲဖြစ်ပါတယ်။
ဒီလိုလက္ခဏာတွေ စတင်ခံစားနေရပြီဆိုရင်တော့ ဆရာဝန်နဲ့ မြန်မြန်သွားရောက်တိုင်ပင်ဆွေးနွေးပါ။

လည်ချောင်းကင်ဆာ ဖြစ်ပွားရတဲ့အကြောင်းရင်းတွေက
• ဆေးရွက်ကြီးသုံးစွဲခြင်း ၊ ဆေးလိပ်သောက်ခြင်း
• အရက်အလွန်အကျွံသောက်ခြင်း
• HPV (human papillomavirus) ပိုးကြောင့်ဖြစ်ခြင်း
• အမျိုးသားများက အမျိုးသမီးများထက်ဖြစ်ပွားနိုင်ချေ ၅ ဆပိုများပါတယ်။
• လည်ချောင်းကင်ဆာက များသောအားဖြင့် အသက် ၆၅ နှစ်ကျော်အရွယ်တွေမှာ အဖြစ်များပါတယ်။
• ဓာတုဗေဒပစ္စည်းတွေ ထိတွေ့ကိုင်တွယ်နေရသူတွေမှာ ဖြစ်ပွားနိုင်ချေများပါတယ်။

လည်ချောင်းကင်ဆာကိုဘယ်လိုကာကွယ်မလဲ??
၁။ဆေးလိပ်မသောက်ပါနှင့်။
၂။အရက် အလွန်အကျွံ မသောက်သုံးပါနှင့်။
၃။ ကျန်းမာစေသောအစားအစာတွေ စားသုံးပေးပါ။

လည်ချောင်းကင်ဆာက ဆိုးရွားတဲ့ရောဂါတစ်ခုဆိုပေမဲ့ စောစီးစွာသိရှိပြီး ကုသမှုခံယူမယ်ဆို ကင်ဆာမပျံ့သွားအောင် ဆောင်ရွက်လို့ရပါကြောင်း ကျန်းမာရေး ဗဟုသုတအနေနဲ့ဖော်ပြပေးလိုက်ပါတယ်...။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages