ငါးသံုးေကာင္ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
[Zawgyi]
ငါးသံုးေကာင္

တစ္ခါက ေတာင္ေပၚက ေရအလြန္ေအးၿပီးေတာ့ လူသူအေရာက္အေပါက္နည္းတဲ့ ေရအိုင္မွာ ေရႊငါးေတြေနၾကတယ္။ အဲဒီငါးေတြဟာ ေပ်ာ္ေပ်ာ္ပါးပါးနဲ႕ ေနထိုင္ၾကတယ္။ အဲဒီေရႊငါးေတြဟာ ကံေကာင္းတတ္တဲ့ ငါးအျဖစ္ အျခားငါးေတြကေကာ လူသားေတြကပါ ယူဆတဲ့အတြက္ေၾကာင့္ အားလံုးက ေလးစားၾကသတဲ့

တစ္ေန႕ေတာ့ တိုင္းျပည္က ဘုရင္ၾကီးဟာ ေနမေကာင္းျဖစ္သတဲ့။ ပုေရာဟိတ္ေတြက ဘုရင္ၾကီးကို ကံေကာင္းေစတဲ့ ေရႊငါးကို ဖမ္းၿပီးေတာ့ ဘုရင္ၾကီး ကိုယ္တိုင္ သတ္ပစ္ရမယ္လို႕ ေျပာတယ္။
ဒီလိုနဲ႕ ငါးဖမ္းသမားေတြက ေရႊငါးေတြကို လိုက္ရွာၾကေရာ။ ဒီလိုနဲ႕ ေတာင္ေပၚက ေရအိုင္ကို ရွာေတြ႕သြားၾကတယ္။ ငါးဖမ္းသမားေတြက ငါးဖမ္းဖို႕ ေနာက္က်သြားတယ္။ မိုးအရမ္းခ်ဳပ္သြားတဲ့အတြက္ ငါးဖမ္းသမားေတြက " ဒီအိုင္ထဲမွာ ကံေကာင္းေစတဲ့ငါးေတြ ရွိတယ္ ေနာက္ေန႕မွ ဖမ္းၾကမယ္ " လို႕ေျပာၿပီးျပန္သြားၾကတယ္။

အဲဒီစကားကို အျခားငါးတစ္ေကာင္ၾကားလိုက္လို႕ လာေျပာတယ္။
အမွန္ေတာ့ ေရကန္ထဲမွာ ကံေကာင္းေစတဲ့ငါး သံုးေကာင္ပဲရွိတယ္။
ပထမငါးက ဒီအေၾကာင္းကို ၾကားလိုက္တာနဲ႕ ငါတို႕ထြက္ေျပးရေအာင္လို႕ ေျပာလိုက္တယ္။ ဒုတိယ ငါးကလဲ လက္ခံတယ္။ လက္မခံ တာက တတိယငါးပဲ ။ သူကေတာ့ "ငါတို႕က ကံေကာင္းေစတဲ့ ငါးေတြပဲ ငါတို႕ဘာကိုေၾကာက္ေနရမွာလဲ ကံက ငါတို႕ဖက္မွာပဲ "တဲ့

က်န္တဲ့ငါးေတြလဲ တတိယ ငါးကို ၀ိုင္းေျဖာင္းဖ်ၾကတယ္။ ဒီလုိနဲ႕ ေနာက္ေန႕မနက္မွာေတာ့ ပထမငါး ထြက္ေျပးသြားတယ္။ ေတာင္က် စမ္းေခ််ာင္းေလးကတစ္ဆင့္ေပါ့။ ဒုတိယငါးလဲ ေျပးသြားတယ္။ ေနာက္ေတာ့ တံငါသည္ေတြ ေရအိုင္ထဲကို ဆင္းၿပီး ၀င္ဖမ္းၾကတယ္။ အဲေတာ့မွ တတိယငါးလဲ ေၾကာက္ေၾကာက္နဲ႕ ေတာင္က်ေခ်ာင္းေလးကေန ထြက္ေျပးဖို႕က်ိဳးစားတယ္။ ဒါေပမယ့္ တံငါသည္ေတြက ေခ်ာင္းမွာ ပိုက္ကြန္နဲ႕ ပိတ္ထားၿပီးသား။ ေနာက္ဆံုးေတာ့ ကံေကာင္းေစတဲ့ ငါးေလးလဲ ယက္ကန္ယက္ကန္နဲ႕ တံငါသည္ေတြ လက္ထဲကို ပါသြားေလရဲ႕

ပံုျပင္ေလးကေတာ့ ကံဘယ္ေလာက္ေကာင္းေနေကာင္းေန ၾကိဳတင္ျပင္ဆင္မႈေတြကို လုပ္ထားသင့္တယ္ဆိုတာကို သာဓကျပသြားပါတယ္



[Unicode]
ငါးသုံးကောင်

တစ်ခါက တောင်ပေါ်က ရေအလွန်အေးပြီးတော့ လူသူအရောက်အပေါက်နည်းတဲ့ ရေအိုင်မှာ ရွှေငါးတွေနေကြတယ်။ အဲဒီငါးတွေဟာ ပျော်ပျော်ပါးပါးနဲ့ နေထိုင်ကြတယ်။ အဲဒီရွှေငါးတွေဟာ ကံကောင်းတတ်တဲ့ ငါးအဖြစ် အခြားငါးတွေကကော လူသားတွေကပါ ယူဆတဲ့အတွက်ကြောင့် အားလုံးက လေးစားကြသတဲ့

တစ်နေ့တော့ တိုင်းပြည်က ဘုရင်ကြီးဟာ နေမကောင်းဖြစ်သတဲ့။ ပုရောဟိတ်တွေက ဘုရင်ကြီးကို ကံကောင်းစေတဲ့ ရွှေငါးကို ဖမ်းပြီးတော့ ဘုရင်ကြီး ကိုယ်တိုင် သတ်ပစ်ရမယ်လို့ ပြောတယ်။
ဒီလိုနဲ့ ငါးဖမ်းသမားတွေက ရွှေငါးတွေကို လိုက်ရှာကြရော။ ဒီလိုနဲ့ တောင်ပေါ်က ရေအိုင်ကို ရှာတွေ့သွားကြတယ်။ ငါးဖမ်းသမားတွေက ငါးဖမ်းဖို့ နောက်ကျသွားတယ်။ မိုးအရမ်းချုပ်သွားတဲ့အတွက် ငါးဖမ်းသမားတွေက " ဒီအိုင်ထဲမှာ ကံကောင်းစေတဲ့ငါးတွေ ရှိတယ် နောက်နေ့မှ ဖမ်းကြမယ် " လို့ပြောပြီးပြန်သွားကြတယ်။

အဲဒီစကားကို အခြားငါးတစ်ကောင်ကြားလိုက်လို့ လာပြောတယ်။
အမှန်တော့ ရေကန်ထဲမှာ ကံကောင်းစေတဲ့ငါး သုံးကောင်ပဲရှိတယ်။
ပထမငါးက ဒီအကြောင်းကို ကြားလိုက်တာနဲ့ ငါတို့ထွက်ပြေးရအောင်လို့ ပြောလိုက်တယ်။ ဒုတိယ ငါးကလဲ လက်ခံတယ်။ လက်မခံ တာက တတိယငါးပဲ ။ သူကတော့ "ငါတို့က ကံကောင်းစေတဲ့ ငါးတွေပဲ ငါတို့ဘာကိုကြောက်နေရမှာလဲ ကံက ငါတို့ဖက်မှာပဲ "တဲ့

ကျန်တဲ့ငါးတွေလဲ တတိယ ငါးကို ဝိုင်းဖြောင်းဖျကြတယ်။ ဒီလိုနဲ့ နောက်နေ့မနက်မှာတော့ ပထမငါး ထွက်ပြေးသွားတယ်။ တောင်ကျ စမ်းချေျာင်းလေးကတစ်ဆင့်ပေါ့။ ဒုတိယငါးလဲ ပြေးသွားတယ်။ နောက်တော့ တံငါသည်တွေ ရေအိုင်ထဲကို ဆင်းပြီး ဝင်ဖမ်းကြတယ်။ အဲတော့မှ တတိယငါးလဲ ကြောက်ကြောက်နဲ့ တောင်ကျချောင်းလေးကနေ ထွက်ပြေးဖို့ကျိုးစားတယ်။ ဒါပေမယ့် တံငါသည်တွေက ချောင်းမှာ ပိုက်ကွန်နဲ့ ပိတ်ထားပြီးသား။ နောက်ဆုံးတော့ ကံကောင်းစေတဲ့ ငါးလေးလဲ ယက်ကန်ယက်ကန်နဲ့ တံငါသည်တွေ လက်ထဲကို ပါသွားလေရဲ့

ပုံပြင်လေးကတော့ ကံဘယ်လောက်ကောင်းနေကောင်းနေ ကြိုတင်ပြင်ဆင်မှုတွေကို လုပ်ထားသင့်တယ်ဆိုတာကို သာဓကပြသွားပါတယ်

1 comment:

  1. The New Rules of Baccarat | WURRione
    Baccarat is one 제왕카지노 of the most exciting worrione games of the game and one of the most popular casino table games. Here's choegocasino how you should play in the US.

    ReplyDelete

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages