ဖေဖ့ဆီက သမီးလိုခ်င္တဲ့ အရာေတြ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
ဖေဖ့ဆီက သမီးလိုခ်င္တဲ့ အရာေတြ

ဖေဖ့ဆီက သမီးလိုခ်င္တဲ့ အရာေတြ

Share This

[Zawgyi]

ေဖေဖ့ဆီက သမီးလိုခ်င္တဲ့ အရာေတြ


မိန္းကေလးတစ္ေယာက္ ႀကီးျပင္းရတဲ့ဘဝတစ္ေလၽွာက္မွာ ေယာက္်ားေပါင္းမ်ားစြာကို ႀကဳံေတြ႔ရမွာ ျဖစ္ေပမဲ့ အၿမဲတေစ သူ(မ)ဘဝထဲမွာရွိေနမယ့္ ေယာက္်ားသားကေတာ့ အေဖ ပါပဲ။ ငယ္စဥ္က အေဖနဲ႔သမီးၾကားဆက္ဆံေရးဟာ သမီးေတြရဲ႕ဘဝေအာင္ျမင္ေရး၊ အခ်စ္ေရး၊ လူမႈေရး၊ အိမ္ေထာင္ေရးအထိပါ လိုက္ၿပီးလႊမ္းမိုးထားမယ္ဆိုတာ လူႀကီးမင္းတို႔သိပါရဲ႕လား။ သင့္သမီးေလး ဘဝမွာ ေအာင္ျမင္ဖို႔၊ အခ်စ္ေရး၊ လူမႈေရးေတြ အဆင္ေျပဖို႔ သင့္ဆီက သူတို႔ေတြဘာလိုအပ္ေနလဲ ေလ့လာၾကည့္လိုက္ပါ။


(၁) သင့္ရဲ႕ေလးစားခ်စ္ခင္မႈ

သင့္သမီးေလးဘဝမွာ သင္ဟာ သူပထမဦးဆုံးေတြ႕ရတဲ့ အမ်ိဳးသားပါ။ သင္က သူ႕ကိုမေလးစားဘူး။ ခ်စ္ျခင္းေမတၱာေတြ မေပးဘူးဆိုရင္ ႏုနယ္တဲ့ ကေလးစိတ္ထဲမွာ ငါဟာ ေယာက္်ားေတြရဲ႕ေလးစားမႈ၊ ခ်စ္ျခင္းကို မထိုက္တန္ဘူးလို႔ မသိစိတ္က စြဲၿမဲမွတ္ယူသြားပါလိမ့္မယ္။ ႀကီးလာၿပီးတဲ့ေနာက္ သူ(မ) ႀကိဳက္တဲ့ ေယာက္်ားေတြဟာ သူ(မ)အေပၚမွာ ဖခင္လိုပဲ မခ်စ္တတ္၊ တန္ဖိုးထား မေလးစားတတ္တဲ့သူမ်ိဳးေတြနဲ႔ေတြ႕တတ္ပါတယ္။ သင့္သမီးကို ႐ိုက္ေမာင္းပုတ္ေမာင္း မေလးစားတတ္တဲ့သူမ်ိဳးနဲ႔မေတြ႕ေစခ်င္ရင္ သင္ကိုယ္တိုင္က ငယ္ငယ္တည္းက သူ(မ)ကို အေလးေပးပါ။ ေလးစားပါ။ ခ်စ္ပါ။


(၂) သင့္ရဲ႕ပါဝင္ပတ္သက္မႈ

သင့္သမီးရဲ႕အရာရာတိုင္းပါဝင္စြက္ဖက္ဖို႔မလိုပါဘူး။ ဒါေပမယ့္ သူမဘဝအေၾကာင္းကို စိတ္ဝင္စားဖို႔လိုပါတယ္။ ဒီေန႔ေက်ာင္းမွာ ဘာျဖစ္ခဲ့လဲေမးတာေတြ၊ သမီး ကဘာဝါသနာပါလဲသိတာေတြ၊ သူကတေယာထိုးတာဝါသနာပါတာလား။ ဒါဆို သူ မတီးတတ္ တီးတတ္ တီးေနတာေလးေတြနားေထာင္မယ္။ သူ႕ေက်ာင္းမွာ ေဖ်ာ္ေျဖတဲ့အခါ လိုက္အားေပးမယ္။ ဒါမ်ိဳး သူ(မ)ရဲ႕ ဘဝမွာ ျဖစ္ပ်က္ေနတာေလးေတြကို သူနားေထာင္ေစခ်င္၊ ပါဝင္ေစခ်င္တဲ့ ေနရာေတြမွာ ပါဝင္ျခင္းဟာ သူ(မ)ကို အေဖကခ်စ္တယ္လို႔ခံစားေစသလို စိတ္လုံၿခဳံ မႈလည္းရေစပါတယ္။


(၃) သင့္ရဲ႕အားေပးမႈ

သူလပတ္စာေမးပြဲမွာ အမွတ္နည္းတဲ့အခါ၊ သူနဲ႔တျခားကေလးတစ္ေယာက္ ရန္ျဖစ္လာတဲ့အခါ၊ သူအားငယ္ဝမ္းနည္းေနတဲ့အခ်ိန္မွာ သူ႔ေနာက္ကေန အျပစ္တင္႐ႈံ႕ခ်ျခင္းမရွိပဲ ခ်စ္ျခင္းအျပည့္နဲ႔ မားမားမတ္မတ္ရပ္တည္ေနမယ့္ သင့္ကိုလိုအပ္ပါတယ္။ အေရးႀကဳံလာခဲ့မယ္ဆိုရင္ သင္ဟာ သူယုံၾကည္ရတဲ့လူစားျဖစ္တယ္ဆိုတာ သူသိဖို႔လိုပါတယ္။ သင္အၿမဲတမ္းသူနဲ႔သေဘာတူေနစရာမလိုပါဘူး။ ဒါေပမယ့္ သူဘာေတြပဲ ျဖစ္လာျဖစ္လာ ယုံၾကည္အားေပးေနဖို႔ေတာ့ လိုအပ္ပါတယ္။


(၄) သင္ဟာ သူ႔ရဲ႕စံနမူနာထားထိုက္သူ

သင့္သမီးေလးဟာ သူ႔ဘဝတစ္ေလၽွာက္မွာေတြ႕တဲ့ ေယာက္်ားတိုင္းအတြက္ သင့္ကို စံနမူနာယူၿပီးဆုံးျဖတ္မွာပါ။ ဒီလူကေတာ့ ငါ့အေဖလို ကေလးေတြနဲ႔တိရစၧာန္ေတြအေပၚမွာ ၾကင္နာတတ္တယ္။ ဒီလူကေတာ့ ငါ့အေဖလို ဘာသာတရားမကိုင္းရွိင္းဘူးဆိုၿပီး သူကိုယ္တိုင္ေတာင္မသိလိုက္ပါဘဲနဲ႔ သင့္ကိုေပတံ အေနနဲ႔ထားၿပီးဆုံးျဖတ္ပါလိမ့္မယ္။ အဲဒီေတာ့ သင့္မွာ မေကာင္းတဲ့အခ်က္၊ ျပင္ရမယ့္ အခ်က္ေတြရွိလား။ သင့္မွာရွိတဲ့ အမူအက်င့္မ်ိဳး သင့္သမီးေလးရဲ႕အိမ္ေထာင္ဖက္မွာ ရွိေနရင္ သင္သေဘာက်ႏိုင္လား။ ဒါေတြကို သမီးေလးေတြအတြက္ထည့္စဥ္းစားပါ။


တကယ္လို႔အေပၚမွာ ေျပာသြားတာေတြကို အပိုေတြလို႔သင္ထင္ေနမယ္ဆိုရင္ ကိုယ္သိတဲ့၊ အ႐ြယ္ေရာက္ေနတဲ့ အမ်ိဳးသမီးေတြထဲက မိမိကိုယ္ကိုယုံၾကည္မႈမရွိတဲ့သူေတြ၊ ႐ိုက္ပုတ္ေအာ္ဟစ္ႏွိပ္စက္တတ္တဲ့ ေယာက္်ားကိုမွ ရည္းစား၊ အိမ္ေထာင္ဖက္အျဖစ္ေ႐ြးခ်ယ္ထားတဲ့သူေတြ၊ ဘယ္သူ႕ကိုမွမယုံၾကည္ဘဲ သံသယမ်က္လုံးနဲ႔ေနတတ္တဲ့ အမ်ိဴးသမီးေတြေတြ႕ရင္ေမးၾကည့္ပါ။ ငယ္ငယ္က ကိုယ့္အေဖက ကိုယ့္အေပၚ ယုံၾကည္၊ ေလးစားမႈရွိရဲ႕လား၊ ခ်စ္ခ်စ္ခင္ခင္ရွိရဲ႕လားဆိုတာကိုေပါ့။ အေျဖသိလာခဲ့မယ္ဆိုရင္ေတာ့ ႐ိုးရာေလးေျပာတာ မွန္ မမွန္ ျပန္လာေျပာဦးေနာ္


[Unicode]

ဖေဖေ့ဆီက သမီးလိုချင်တဲ့ အရာတွေ


မိန်းကလေးတစ်ယောက် ကြီးပြင်းရတဲ့ဘဝတစ်လျှောက်မှာ ယောက်ျားပေါင်းများစွာကို ကြုံတွေ့ရမှာ ဖြစ်ပေမဲ့ အမြဲတစေ သူ(မ)ဘဝထဲမှာရှိနေမယ့် ယောက်ျားသားကတော့ အဖေ ပါပဲ။ ငယ်စဉ်က အဖေနဲ့သမီးကြားဆက်ဆံရေးဟာ သမီးတွေရဲ့ဘဝအောင်မြင်ရေး၊ အချစ်ရေး၊ လူမှုရေး၊ အိမ်ထောင်ရေးအထိပါ လိုက်ပြီးလွှမ်းမိုးထားမယ်ဆိုတာ လူကြီးမင်းတို့သိပါရဲ့လား။ သင့်သမီးလေး ဘဝမှာ အောင်မြင်ဖို့၊ အချစ်ရေး၊ လူမှုရေးတွေ အဆင်ပြေဖို့ သင့်ဆီက သူတို့တွေဘာလိုအပ်နေလဲ လေ့လာကြည့်လိုက်ပါ။


(၁) သင့်ရဲ့လေးစားချစ်ခင်မှု

သင့်သမီးလေးဘဝမှာ သင်ဟာ သူပထမဦးဆုံးတွေ့ရတဲ့ အမျိုးသားပါ။ သင်က သူ့ကိုမလေးစားဘူး။ ချစ်ခြင်းမေတ္တာတွေ မပေးဘူးဆိုရင် နုနယ်တဲ့ ကလေးစိတ်ထဲမှာ ငါဟာ ယောက်ျားတွေရဲ့လေးစားမှု၊ ချစ်ခြင်းကို မထိုက်တန်ဘူးလို့ မသိစိတ်က စွဲမြဲမှတ်ယူသွားပါလိမ့်မယ်။ ကြီးလာပြီးတဲ့နောက် သူ(မ) ကြိုက်တဲ့ ယောက်ျားတွေဟာ သူ(မ)အပေါ်မှာ ဖခင်လိုပဲ မချစ်တတ်၊ တန်ဖိုးထား မလေးစားတတ်တဲ့သူမျိုးတွေနဲ့တွေ့တတ်ပါတယ်။ သင့်သမီးကို ရိုက်မောင်းပုတ်မောင်း မလေးစားတတ်တဲ့သူမျိုးနဲ့မတွေ့စေချင်ရင် သင်ကိုယ်တိုင်က ငယ်ငယ်တည်းက သူ(မ)ကို အလေးပေးပါ။ လေးစားပါ။ ချစ်ပါ။


(၂) သင့်ရဲ့ပါဝင်ပတ်သက်မှု

သင့်သမီးရဲ့အရာရာတိုင်းပါဝင်စွက်ဖက်ဖို့မလိုပါဘူး။ ဒါပေမယ့် သူမဘဝအကြောင်းကို စိတ်ဝင်စားဖို့လိုပါတယ်။ ဒီနေ့ကျောင်းမှာ ဘာဖြစ်ခဲ့လဲမေးတာတွေ၊ သမီး ကဘာဝါသနာပါလဲသိတာတွေ၊ သူကတယောထိုးတာဝါသနာပါတာလား။ ဒါဆို သူ မတီးတတ် တီးတတ် တီးနေတာလေးတွေနားထောင်မယ်။ သူ့ကျောင်းမှာ ဖျော်ဖြေတဲ့အခါ လိုက်အားပေးမယ်။ ဒါမျိုး သူ(မ)ရဲ့ ဘဝမှာ ဖြစ်ပျက်နေတာလေးတွေကို သူနားထောင်စေချင်၊ ပါဝင်စေချင်တဲ့ နေရာတွေမှာ ပါဝင်ခြင်းဟာ သူ(မ)ကို အဖေကချစ်တယ်လို့ခံစားစေသလို စိတ်လုံခြုံ မှုလည်းရစေပါတယ်။


(၃) သင့်ရဲ့အားပေးမှု

သူလပတ်စာမေးပွဲမှာ အမှတ်နည်းတဲ့အခါ၊ သူနဲ့တခြားကလေးတစ်ယောက် ရန်ဖြစ်လာတဲ့အခါ၊ သူအားငယ်ဝမ်းနည်းနေတဲ့အချိန်မှာ သူ့နောက်ကနေ အပြစ်တင်ရှုံ့ချခြင်းမရှိပဲ ချစ်ခြင်းအပြည့်နဲ့ မားမားမတ်မတ်ရပ်တည်နေမယ့် သင့်ကိုလိုအပ်ပါတယ်။ အရေးကြုံလာခဲ့မယ်ဆိုရင် သင်ဟာ သူယုံကြည်ရတဲ့လူစားဖြစ်တယ်ဆိုတာ သူသိဖို့လိုပါတယ်။ သင်အမြဲတမ်းသူနဲ့သဘောတူနေစရာမလိုပါဘူး။ ဒါပေမယ့် သူဘာတွေပဲ ဖြစ်လာဖြစ်လာ ယုံကြည်အားပေးနေဖို့တော့ လိုအပ်ပါတယ်။


(၄) သင်ဟာ သူ့ရဲ့စံနမူနာထားထိုက်သူ

သင့်သမီးလေးဟာ သူ့ဘဝတစ်လျှောက်မှာတွေ့တဲ့ ယောက်ျားတိုင်းအတွက် သင့်ကို စံနမူနာယူပြီးဆုံးဖြတ်မှာပါ။ ဒီလူကတော့ ငါ့အဖေလို ကလေးတွေနဲ့တိရစ္ဆာန်တွေအပေါ်မှာ ကြင်နာတတ်တယ်။ ဒီလူကတော့ ငါ့အဖေလို ဘာသာတရားမကိုင်းရှိင်းဘူးဆိုပြီး သူကိုယ်တိုင်တောင်မသိလိုက်ပါဘဲနဲ့ သင့်ကိုပေတံ အနေနဲ့ထားပြီးဆုံးဖြတ်ပါလိမ့်မယ်။ အဲဒီတော့ သင့်မှာ မကောင်းတဲ့အချက်၊ ပြင်ရမယ့် အချက်တွေရှိလား။ သင့်မှာရှိတဲ့ အမူအကျင့်မျိုး သင့်သမီးလေးရဲ့အိမ်ထောင်ဖက်မှာ ရှိနေရင် သင်သဘောကျနိုင်လား။ ဒါတွေကို သမီးလေးတွေအတွက်ထည့်စဉ်းစားပါ။


တကယ်လို့အပေါ်မှာ ပြောသွားတာတွေကို အပိုတွေလို့သင်ထင်နေမယ်ဆိုရင် ကိုယ်သိတဲ့၊ အရွယ်ရောက်နေတဲ့ အမျိုးသမီးတွေထဲက မိမိကိုယ်ကိုယုံကြည်မှုမရှိတဲ့သူတွေ၊ ရိုက်ပုတ်အော်ဟစ်နှိပ်စက်တတ်တဲ့ ယောက်ျားကိုမှ ရည်းစား၊ အိမ်ထောင်ဖက်အဖြစ်ရွေးချယ်ထားတဲ့သူတွေ၊ ဘယ်သူ့ကိုမှမယုံကြည်ဘဲ သံသယမျက်လုံးနဲ့နေတတ်တဲ့ အမျိူးသမီးတွေတွေ့ရင်မေးကြည့်ပါ။ ငယ်ငယ်က ကိုယ့်အဖေက ကိုယ့်အပေါ် ယုံကြည်၊ လေးစားမှုရှိရဲ့လား၊ ချစ်ချစ်ခင်ခင်ရှိရဲ့လားဆိုတာကိုပေါ့။ အဖြေသိလာခဲ့မယ်ဆိုရင်တော့ ရိုးရာလေးပြောတာ မှန် မမှန် ပြန်လာပြောဦးန



No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages