စိတ္ရဲ႕အလိုကို ကိုယ္က မလိုက္ပါနဲ႔ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
စိတ္ရဲ႕အလိုကို ကိုယ္က မလိုက္ပါနဲ႔

စိတ္ရဲ႕အလိုကို ကိုယ္က မလိုက္ပါနဲ႔

Share This

[Zawgyi]

`စိတ္ရဲ႕အလိုကို ကိုယ္က မလိုက္ပါနဲ႔´

`ကိုယ္ရဲ႕အလိုကိုသာ စိတ္က လိုက္ပါေစ´

_____________________________

(​ေကာင္​းလိုက္​တဲ့တရား ၊ လိုက္​နာၾကမယ္​)


မစင္ဆိုတာ အာဟာရေၾကာင့္ျဖစ္တာ

မစင္ကိုသာ စက္ဆုပ္တတ္ၾကျပီး

အာဟာရကိုေတာ့ မစက္ဆုပ္တတ္ၾကဘူး


စိုးရိမ္ျခင္းဆိုတာ ခ်စ္ျခင္းေၾကာင့္ျဖစ္တာ

စိုးရိမ္ျခင္းကိုသာ ကင္းလိုၾကျပီး

ခ်စ္ျခင္းကိုေတာ့ မကင္းလိုၾကဘူး


ေသျခင္းဆိုတာ ဘဝေၾကာင့္ျဖစ္တာ

ေသျခင္းကိုသာ ေၾကာက္လန္႔ၾကၿပီး

ဘဝကိုေတာ့ မေၾကာက္လန္႔ၾကဘူး


ဆင္းရဲဆိုတာ ေလာဘေၾကာင့္ျဖစ္တာ

ဆင္းရဲကိုသာ ဖယ္လိုၾကျပီး

ေလာဘကိုေတာ့ မဖယ္လိုၾကဘူး


ခ်မ္းသာဆိုတာ ေကာင္းမႈေၾကာင့္ျဖစ္တာ

ခ်မ္းသာကိုသာ လိုခ်င္ၾကၿပီး

ေကာင္းမႈကိုေတာ့ မျပဳခ်င္ၾကဘူး


ပူေလာင္မႈဆိုတာ ကိေလသာေၾကာင့္ျဖစ္တာ

အပူကိုသာ ေရွာင္လိုၾကျပီး

ကိေလသာကိုေတာ့ မေရွာင္လိုၾကဘူး


ျငိမ္းခ်မ္းမႈဆိုတာ ဓမၼေၾကာင့္ျဖစ္တာ

ျငိမ္းခ်မ္းမႈကိုသာ ေဆာင္လိုၾကျပီး

ဓမၼကိုေတာ့ မေဆာင္္လိုၾကဘူး


ဘာကိုမွ မလိုခ်င္လွ်င္​ ဘာကိုမွေၾကာက္စရာမရွိ

ရဲရင့္မႈဟာ မလိုခ်င္ျခင္းမွာရွိတယ္


ဘာကိုမွ မလိုခ်င္လွ်င္​ 

ဘယ္လိုမွ ညစ္ႏြမ္းစရာမရွိ

စင္ၾကယ္ျခင္းဟာ မလိုခ်င္ျခင္းမွာရွိတယ္


ဘာကိုမွ မလိုခ်င္လွ်င္​ ဘယ္လိုမွဆင္းရဲစရာမရွိ

ခ်မ္းသာျခင္းဟာ မလိုခ်င္ျခင္းမွာရွိတယ္


ဘာကိုမွ မလိုခ်င္လွ်င္​ ဘယ္လိုမွပူပင္စရာမရွိ

ေအးခ်မ္းျခင္းဟာ မလိုခ်င္ျခင္းမွာရွိတယ္


ဘာကိုမွ မလိုခ်င္လွ်င္​ ဘယ္လိုမွပင္ပန္းစရာမရွိ

သက္သာျခင္းဟာ မလိုခ်င္ျခင္းမွာရွိတယ္


အပါယ္ေလးပါး စိတ္ေၾကာင့္သြားသည္

နိဗၺာန္ေရာက္မႈ စိတ္ကျပဳသည္

စိတ္ကိုလႊတ္ထား ဆင္းရဲပြားမည္

စိတ္ကိုထိန္း ေအးခ်မ္းနိဗၺာန္ျပည္


အရွင္ဦးဥတၱမ(သစၥာေရႊစည္ဆရာေတာ္)


[Unicode]

`စိတ်ရဲ့အလိုကို ကိုယ်က မလိုက်ပါနဲ့´

`ကိုယ်ရဲ့အလိုကိုသာ စိတ်က လိုက်ပါစေ´

_____________________________

(ကောင်းလိုက်တဲ့တရား ၊ လိုက်နာကြမယ်)


မစင်ဆိုတာ အာဟာရကြောင့်ဖြစ်တာ

မစင်ကိုသာ စက်ဆုပ်တတ်ကြပြီး

အာဟာရကိုတော့ မစက်ဆုပ်တတ်ကြဘူး


စိုးရိမ်ခြင်းဆိုတာ ချစ်ခြင်းကြောင့်ဖြစ်တာ

စိုးရိမ်ခြင်းကိုသာ ကင်းလိုကြပြီး

ချစ်ခြင်းကိုတော့ မကင်းလိုကြဘူး


သေခြင်းဆိုတာ ဘဝကြောင့်ဖြစ်တာ

သေခြင်းကိုသာ ကြောက်လန့်ကြပြီး

ဘဝကိုတော့ မကြောက်လန့်ကြဘူး


ဆင်းရဲဆိုတာ လောဘကြောင့်ဖြစ်တာ

ဆင်းရဲကိုသာ ဖယ်လိုကြပြီး

လောဘကိုတော့ မဖယ်လိုကြဘူး


ချမ်းသာဆိုတာ ကောင်းမှုကြောင့်ဖြစ်တာ

ချမ်းသာကိုသာ လိုချင်ကြပြီး

ကောင်းမှုကိုတော့ မပြုချင်ကြဘူး


ပူလောင်မှုဆိုတာ ကိလေသာကြောင့်ဖြစ်တာ

အပူကိုသာ ရှောင်လိုကြပြီး

ကိလေသာကိုတော့ မရှောင်လိုကြဘူး


ငြိမ်းချမ်းမှုဆိုတာ ဓမ္မကြောင့်ဖြစ်တာ

ငြိမ်းချမ်းမှုကိုသာ ဆောင်လိုကြပြီး

ဓမ္မကိုတော့ မဆောင်လိုကြဘူး


ဘာကိုမှ မလိုချင်လျှင် ဘာကိုမှကြောက်စရာမရှိ

ရဲရင့်မှုဟာ မလိုချင်ခြင်းမှာရှိတယ်


ဘာကိုမှ မလိုချင်လျှင် 

ဘယ်လိုမှ ညစ်နွမ်းစရာမရှိ

စင်ကြယ်ခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်


ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှဆင်းရဲစရာမရှိ

ချမ်းသာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်


ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပူပင်စရာမရှိ

အေးချမ်းခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်


ဘာကိုမှ မလိုချင်လျှင် ဘယ်လိုမှပင်ပန်းစရာမရှိ

သက်သာခြင်းဟာ မလိုချင်ခြင်းမှာရှိတယ်


အပါယ်လေးပါး စိတ်ကြောင့်သွားသည်

နိဗ္ဗာန်ရောက်မှု စိတ်ကပြုသည်

စိတ်ကိုလွှတ်ထား ဆင်းရဲပွားမည်

စိတ်ကိုထိန်း အေးချမ်းနိဗ္ဗာန်ပြည်


အရှင်ဦးဥတ္တမ(သစ္စာရွှေစည်ဆရာတော်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages