သမီးလေးရေ - ထီးကလေး စာပေ

Random Posts

test banner

Post Top Ad

Responsive Ads Here

[Zawgyi]

သမီးလေးရေ..


















မျှော်လင့်ချက်ထားတတ်သူတွေ တဖြည်းဖြည်း စွန့်ခွါထွက်သွားပါလိမ့်မယ်။






သမီးကို နာကျင်ကြေကွဲစေသူတွေ ဝေးလွင့်ထွက်ခွါသွားလိမ့်မယ်။






ချစ်တဲ့ မေမေ


လွန်းထားထား။


[Unicode]

သမီးလေးရေ..


လူတိုင်းကို စိတ်ကောင်းစေတနာမှန်လေးနဲ့ ဆက်ဆံဖို့ကြိုးစားပါ။


သမီးနားမှာ စိတ်ရင်းမှန်သူလေးတွေ အလိုလိုရောက်လာလိမ့်မယ်။


စိတ်ထားမမှန်သူတွေ သမီးနားက တဖြည်းဖြည်းဝေးလွင့်သွားလိမ့်မယ်။


လူတိုင်းကို မျက်နှာဖုံးမပါတဲ့ ပကတိမျက်နှာနဲ့ ဆက်ဆံကြည့်ပါ။


သမီးနားမှာ မျက်နှာဖုံးမပါတဲ့ ပကတိမျက်နှာလေးတွေ ရှိလာလိမ့်မယ်။


မျက်နှာဖုံးတွေ အဝေးကို ကျောခိုင်းထွက်သွားကြလိမ့်မယ်။


လူတိုင်းကို ဘာမျှော်လင့်ချက်မှ မပါဘဲ အရိုးသားဆုံးဆက်ဆံကြည့်ပါ။


သမီးအပေါ် မျှော်လင့်ချက်ကင်းကင်းနဲ့ ဆက်ဆံတတ်တဲ့ အဖြူထည် မိတ်ဆွေကောင်းတွေ ရောက်ရှိလာပါလိမ့်မယ်။


မျှော်လင့်ချက်ထားတတ်သူတွေ တဖြည်းဖြည်း စွန့်ခါွထွက်သွားပါလိမ့်မယ်။


လူတိုင်းကို ပျော်ရွှင်ခြင်းဆိုတဲ့လက်ဆောင် ပေးနိုင်အောင်ကြိုးစားကြည့်ပါ။


သမီးကိုယ်တိုင် ပျော်ရွှင်ခြင်းရဲ့ အရသာကို ခံစားရပါလိမ့်မယ်။


သမီးကို နာကျင်ကြေကွဲစေသူတွေ ဝေးလွင့်ထွက်ခါွသွားလိမ့်မယ်။


ဘဝဆိုတာ သစ္စာရှိပါတယ်..


သမီးပေးတဲ့အရာကိုပဲ သမီးပြန်ရတတ်တာပါ...။


ချစ်တဲ့ မေမေ


လွန်းထားထား။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages