ေလျဖတ္ ေလျဖန္း အေႀကာကပ္သူတို႔အတြက္ ေဆးနည္း - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
ေလျဖတ္ ေလျဖန္း အေႀကာကပ္သူတို႔အတြက္ ေဆးနည္း

ေလျဖတ္ ေလျဖန္း အေႀကာကပ္သူတို႔အတြက္ ေဆးနည္း

Share This

[Zawgyi]
"ေလျဖတ္ ေလျဖန္း အေႀကာကပ္သူတို႔အတြက္ ေဆးနည္း"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

​ေၾကာင္ပန္း (၂) မ်ိဳးရွိသည္။
အရြက္ကိုခဲြ၍ သတ္မွတ္ၾကသည္-

(၁) ေၾကာင္ပန္းၾကီး။ အရြက္ (၅) ရြက္စုထြက္က
 ေၾကာင္ပန္းၾကီး ျဖစ္၏။ အရြက္ရွည္ကာ ခြ်န္သည္။ ညိဳေရာင္ျဖစ္သည္။

(၂) ေၾကာင္ပန္းငယ္။ အရြက္ (၃) ရြက္ ထြက္ပါက
 ေၾကာင္ပန္းငယ္ ျဖစ္သည္။ အရြက္ခတ္၀ိုင္း၀ိုင္း အသြင္ရွိသည္။
အပြင့္၊ အေသြးအေရာင္ကို စဲြ၍ ျဖဴနီျပာ စသည္ျဖင့္ အမ်ိဳး ကဲြျပားမႈ ႐ွိသည္။ ခါး၊ ဖန္၊ ပူ အရသာရွိ၏။ အနံ႔ျပင္း၏။

အေၾကာေသ၊ အေၾကာကပ္၊ ေလျဖန္း၊ ေလျဖတ္ေရာဂါ
**********************************************

🍀​ေဆးနည္းေပးသူက လက္ေတြ႔ေပ်ာက္တာ အမွန္ပါ။ ေပ်ာက္ကင္းသူ မ်ားစြာရွိပါျပီဆို၍ ေ၀ဒနာရွင္တို႔ သက္သာ ေပ်ာက္ကင္းေစ ရန္ ေဆးနည္းေလး တင္ျပလိုက္ပါသည္။

🍀ေၾကာင္ပန္းငယ္ လက္ႏွစ္ဆုပ္ ဓာတ္ဆီ အၾကမ္းပန္းကန္
(၁) လံုး သံပုရာသီး (၁) လံုးအရည္ ထို (၃) မ်ိဳးကို သန္႔စင္ေသာ ဆံုတြင္ ထုေထာင္း ေခ်မြျပီး အ၀တ္သန္႔သန္႔ျဖင့္ အရည္စစ္ယူ၍ အေၾကာကပ္၊ ေလျဖန္း၊ ေလျဖတ္သူတို႔ ႏွိပ္နယ္လိမ္းက်ံ
 ေပးရန္ ျဖစ္သည္။ တစ္ပတ္အတြင္းသိသိသာသာ သက္သာ ေပ်ာက္ကင္းေစပါသည္္။

ကေလးေက်ာပူ၊ ေခါင္းပူ
👶👶👶👶👶👶👶👶

🍀​ေၾကာင္ပန္းငယ္ကို ျပဳတ္က်ဳိၿပီး ထိုျပဳတ္ရည္ျဖင့္ ေရခ်ိဳးေပးပါက သက္သာ ေပ်ာက္ကင္း ေစပါသည္။ ေတာရြာမ်ားတြင္ ကုသဆဲ ေဆးနည္း ျဖစ္သည္။
အရွင္နာဂသိန္က်မ္းက ေျပာေသာ ေၾကာင္ပန္း

အေၾကာေရာဂါ
°°°°°°°°°°°°°°°
အရြက္စိမ္း သတၱဳရည္ကို လည္းေကာင္း၊ အရြက္ကို
 ေၾကာ္ခ်က္ စားေသာက္ မွီ၀ဲပါက အေၾကာ ေရာဂါ ေပ်ာက္ကင္း၏။

နာျပည္ယို
°°°°°°°°°°°
​ေၾကာင္ပန္းရြက္ကို ႏွမ္းဆီျဖင့္ ပ်ားရည္စစ္ အနည္းငယ္
 ေရာကာ နားက်ပ္ေပးပါက နာျပည္ယိုျခင္း ၊နားကိုက္ျခင္း ေပ်ာက္ကင္းသည္။

​ေဖာေရာင္
°°°°°°°°°°°
ေၾကာင္ပန္းရြက္ သတၱဳရည္ႏွင့္ သက္ရင္းၾကီးျမစ္
အနည္းငယ္မွ် ေရာ၍ ေသာက္ေပးပါက အေဖာေရာဂါ လွ်င္ျမန္စြာေပ်ာက္ကင္း၏။

အနာေပါက္ အေရျပား
°°°°°°°°°°°°°°°°°°°°°°°
အတြင္းေဆး အျဖစ္ ေသာက္ေပးျပီး၊ အျပင္ေဆး
 အျဖစ္ လိမ္းက်ံ ေပးရသည္။

🍀​ေၾကာင္ပန္းၾကီးက အိႏၵိယျပည္တြင္ အသံုးမ်ားသည္။
ထိုေၾကာင့္ အိႏၵိယ ေၾကာင္ပန္းဟု ေခၚၾကသည္။
 ေၾကာင္ပန္းငယ္က ျမန္မာျပည္တြင္ အသံုးမ်ား၍
 ျမန္မာ ေၾကာင္ပန္းဟု ေခၚၾကသည္။

🍀ေၾကာင္ပန္းႏွင့္ ပတ္သက္ေသာ ေဆးအသံုးမ်ား
က်ယ္ျပန္႔စြာ ရွိေန ပါေသးသည္။ အေၾကာသိမ္သူအား
လက္ေတြ႔ စမ္းသပ္ ကုသေပးရန္ ေၾကာင္ပန္းငယ္ရြက္မ်ား ထုေထာင္းရင္း ေၾကာင္ပန္း ငယ္ အေၾကာင္း လိုသူတို႔
 သံုးနိုင္ရန္ တင္ျပ လိုက္ပါသည္။

[Unicode]
"လေဖြတ် လေဖြန်း အကြောကပ်သူတို့အတွက် ဆေးနည်း"
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ကြောင်ပန်း (၂) မျိုးရှိသည်။
အရွက်ကိုခွဲ၍ သတ်မှတ်ကြသည်-

(၁) ကြောင်ပန်းကြီး။ အရွက် (၅) ရွက်စုထွက်က
 ကြောင်ပန်းကြီး ဖြစ်၏။ အရွက်ရှည်ကာ ချွန်သည်။ ညိုရောင်ဖြစ်သည်။

(၂) ကြောင်ပန်းငယ်။ အရွက် (၃) ရွက် ထွက်ပါက
 ကြောင်ပန်းငယ် ဖြစ်သည်။ အရွက်ခတ်ဝိုင်းဝိုင်း အသွင်ရှိသည်။
အပွင့်၊ အသွေးအရောင်ကို စွဲ၍ ဖြူနီပြာ စသည်ဖြင့် အမျိုး ကွဲပြားမှု ရှိသည်။ ခါး၊ ဖန်၊ ပူ အရသာရှိ၏။ အနံ့ပြင်း၏။

အကြောသေ၊ အကြောကပ်၊ လေဖြန်း၊ လေဖြတ်ရောဂါ
**********************************************

🍀ဆေးနည်းပေးသူက လက်တွေ့ပျောက်တာ အမှန်ပါ။ ပျောက်ကင်းသူ များစွာရှိပါပြီဆို၍ ဝေဒနာရှင်တို့ သက်သာ ပျောက်ကင်းစေ ရန် ဆေးနည်းလေး တင်ပြလိုက်ပါသည်။

🍀ကြောင်ပန်းငယ် လက်နှစ်ဆုပ် ဓာတ်ဆီ အကြမ်းပန်းကန်
(၁) လုံး သံပုရာသီး (၁) လုံးအရည် ထို (၃) မျိုးကို သန့်စင်သော ဆုံတွင် ထုထောင်း ချေမွပြီး အဝတ်သန့်သန့်ဖြင့် အရည်စစ်ယူ၍ အကြောကပ်၊ လေဖြန်း၊ လေဖြတ်သူတို့ နှိပ်နယ်လိမ်းကျံ
 ပေးရန် ဖြစ်သည်။ တစ်ပတ်အတွင်းသိသိသာသာ သက်သာ ပျောက်ကင်းစေပါသည်။

ကလေးကျောပူ၊ ခေါင်းပူ
👶👶👶👶👶👶👶👶

🍀ကြောင်ပန်းငယ်ကို ပြုတ်ကျိုပြီး ထိုပြုတ်ရည်ဖြင့် ရေချိုးပေးပါက သက်သာ ပျောက်ကင်း စေပါသည်။ တောရွာများတွင် ကုသဆဲ ဆေးနည်း ဖြစ်သည်။
အရှင်နာဂသိန်ကျမ်းက ပြောသော ကြောင်ပန်း

အကြောရောဂါ
°°°°°°°°°°°°°°°
အရွက်စိမ်း သတ္တုရည်ကို လည်းကောင်း၊ အရွက်ကို
 ကြော်ချက် စားသောက် မှီဝဲပါက အကြော ရောဂါ ပျောက်ကင်း၏။

နာပြည်ယို
°°°°°°°°°°°
ကြောင်ပန်းရွက်ကို နှမ်းဆီဖြင့် ပျားရည်စစ် အနည်းငယ်
 ရောကာ နားကျပ်ပေးပါက နာပြည်ယိုခြင်း ၊နားကိုက်ခြင်း ပျောက်ကင်းသည်။

ဖောရောင်
°°°°°°°°°°°
ကြောင်ပန်းရွက် သတ္တုရည်နှင့် သက်ရင်းကြီးမြစ်
အနည်းငယ်မျှ ရော၍ သောက်ပေးပါက အဖောရောဂါ လျှင်မြန်စွာပျောက်ကင်း၏။

အနာပေါက် အရေပြား
°°°°°°°°°°°°°°°°°°°°°°°
အတွင်းဆေး အဖြစ် သောက်ပေးပြီး၊ အပြင်ဆေး
 အဖြစ် လိမ်းကျံ ပေးရသည်။

🍀ကြောင်ပန်းကြီးက အိန္ဒိယပြည်တွင် အသုံးများသည်။
ထိုကြောင့် အိန္ဒိယ ကြောင်ပန်းဟု ခေါ်ကြသည်။
 ကြောင်ပန်းငယ်က မြန်မာပြည်တွင် အသုံးများ၍
 မြန်မာ ကြောင်ပန်းဟု ခေါ်ကြသည်။

🍀ကြောင်ပန်းနှင့် ပတ်သက်သော ဆေးအသုံးများ
ကျယ်ပြန့်စွာ ရှိနေ ပါသေးသည်။ အကြောသိမ်သူအား
လက်တွေ့ စမ်းသပ် ကုသပေးရန် ကြောင်ပန်းငယ်ရွက်များ ထုထောင်းရင်း ကြောင်ပန်း ငယ် အကြောင်း လိုသူတို့
 သုံးနိုင်ရန် တင်ပြ လိုက်ပါသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages