႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္သူေတြဟာ ပိုလို႔စိတ္ဓာတ္ႀကံ႕ခိုင္သူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္သူေတြဟာ ပိုလို႔စိတ္ဓာတ္ႀကံ႕ခိုင္သူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိ

႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္သူေတြဟာ ပိုလို႔စိတ္ဓာတ္ႀကံ႕ခိုင္သူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိ

Share This
[Zawgyi]
႐ုပ္ရွင္ၾကည့္ရင္း ငိုတတ္သူေတြဟာ ပိုလို႔စိတ္ဓာတ္ႀကံ႕ခိုင္သူေတြျဖစ္ေၾကာင္း ေလ့လာေတြ႕ရွိ

ကၽြန္ေတာ္တို႔ရဲ႕ဘဝတစ္ေလၽွာက္လုံးမွာ ကၽြန္ေတာ္တို႔တကယ္ခံစားေနရတာေတြကို ထုတ္ေဖာ္ျပသဖို႔ရာ ေတာ္ေတာ္ေလး သတၱိနည္းခဲ့ၾကပါတယ္။ မ်က္ရည္က်တယ္ဆိုတာ စိတ္ဓာတ္ေပ်ာ့ညံ့လို႔ တစ္နည္းအားျဖင့္ ရွက္စရာေကာင္းတဲ့အရာတစ္ခုလို႔ သတ္မွတ္ထားၾကပါတယ္။ ဒါေပမဲ့လည္း ငိုေႂကြးျခင္းဆိုတာဟာ နာက်င္မႈေတြ၊ ဝမ္းနည္းမႈေတြနဲ႔ ေပ်ာ္႐ႊင္ရျခင္းေတြအတြက္ ခႏၶာကိုယ္ကအလိုအေလ်ာက္ ျပသလာတဲ့တုံ႔ျပန္မႈတစ္ခုပါပဲ။

သိုေပမဲ့ တခ်ိဳ႕ေနရာေတြမွာ မ်က္ရည္က်လိုက္ရမဲ့အစား ပိုၿပီးသင့္ေတာ္မယ့္ အျပဳအမူမ်ိဳးနဲ႔ပဲ အေၾကာင္းအရာတိုင္းကို အဆုံးသတ္လိုက္ၾကပါတယ္။ တခ်ိဳ႕သူေတြကေတာ့ ႐ုပ္ရွင္႐ုံထဲေရာက္ရင္ ဒီအရာေတြကို မထိန္းႏိုင္ေတာ့ဘဲ စိတ္ခံစားခ်က္အတိုင္း လိုက္ပါစီးေမ်ာၿပီး မ်က္ရည္က်တတ္ၾကပါတယ္။ ဒီလိုအခါမ်ိဳးမွာ သူတို႔ေတြကို စိတ္ဓာတ္ေပ်ာ့ညံ့သူအျဖစ္ မွတ္ခ်က္ေပးတတ္ၾကပါတယ္။

ဒီေန႔ေတာ့ ဒီအယူအဆေတြကို တြန္းလွန္ဖို႔အခ်ိန္တန္ပါၿပီ။ ႐ုပ္ရွင္ၾကည့္ရင္းငိုတတ္သူေတြဟာ တျခားသူေတြထက္ပိုၿပီးေတာ့ စိတ္ဓာတ္ႀကံ႕ခိုင္ၾကသူေတြ ျဖစ္ၾကပါတယ္။ စိတ္ခံစားလြယ္ၿပီး တျခားသူေတြကို ဘယ္လိုႏွစ္သိမ့္ရမလဲ။ ဘယ္လိုေပ်ာ္႐ႊင္ေအာင္ လုပ္ေပးရမလဲ။ တျခားတစ္ေယာက္ရဲ႕ နာက်င္မႈေတြကို ဘယ္လိုမၽွေဝယူရမလဲ ေကာင္းေကာင္းနားလည္ၾကသူေတြလည္း ျဖစ္ပါတယ္။ သာမန္သူေတြထက္ ပိုၿပီးသေဘာထားႀကီးၾကသလို အေပါင္းအသင္းပိုဆံ့သူေတြလည္း ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လို႔ ေနာက္တစ္ခါမွာ ႐ုပ္ရွင္ၾကည့္ရင္း မ်က္ရည္က်တတ္သူနဲ႔ ေတြ႕တဲ့အခါ ဟိုဟိုဒီဒီေတြ လိုက္ကဲ့ရဲ႕မေနပါနဲ႔ေတာ့။ ေနာက္ၿပီး သင္ကိုယ္တိုင္ကခံစားတတ္သူဆိုရင္လည္း မ်ိဳသိပ္မထားပါနဲ႔ေတာ့။ ခံစားေနရတာေတြအားလုံးကို မ်က္ရည္နဲ႔သာေမ်ာခ်ပစ္လိုက္ပါ။



[Unicode]
ရုပ်ရှင်ကြည့်ရင်း ငိုတတ်သူတွေဟာ ပိုလို့စိတ်ဓာတ်ကြံ့ခိုင်သူတွေဖြစ်ကြောင်း လေ့လာတွေ့ရှိ

ကျွန်တော်တို့ရဲ့ဘဝတစ်လျှောက်လုံးမှာ ကျွန်တော်တို့တကယ်ခံစားနေရတာတွေကို ထုတ်ဖော်ပြသဖို့ရာ တော်တော်လေး သတ္တိနည်းခဲ့ကြပါတယ်။ မျက်ရည်ကျတယ်ဆိုတာ စိတ်ဓာတ်ပျော့ညံ့လို့ တစ်နည်းအားဖြင့် ရှက်စရာကောင်းတဲ့အရာတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။ ဒါပေမဲ့လည်း ငိုကြွေးခြင်းဆိုတာဟာ နာကျင်မှုတွေ၊ ဝမ်းနည်းမှုတွေနဲ့ ပျော်ရွှင်ရခြင်းတွေအတွက် ခန္ဓာကိုယ်ကအလိုအလျောက် ပြသလာတဲ့တုံ့ပြန်မှုတစ်ခုပါပဲ။

သိုပေမဲ့ တချို့နေရာတွေမှာ မျက်ရည်ကျလိုက်ရမဲ့အစား ပိုပြီးသင့်တော်မယ့် အပြုအမူမျိုးနဲ့ပဲ အကြောင်းအရာတိုင်းကို အဆုံးသတ်လိုက်ကြပါတယ်။ တချို့သူတွေကတော့ ရုပ်ရှင်ရုံထဲရောက်ရင် ဒီအရာတွေကို မထိန်းနိုင်တော့ဘဲ စိတ်ခံစားချက်အတိုင်း လိုက်ပါစီးမျောပြီး မျက်ရည်ကျတတ်ကြပါတယ်။ ဒီလိုအခါမျိုးမှာ သူတို့တွေကို စိတ်ဓာတ်ပျော့ညံ့သူအဖြစ် မှတ်ချက်ပေးတတ်ကြပါတယ်။

ဒီနေ့တော့ ဒီအယူအဆတွေကို တွန်းလှန်ဖို့အချိန်တန်ပါပြီ။ ရုပ်ရှင်ကြည့်ရင်းငိုတတ်သူတွေဟာ တခြားသူတွေထက်ပိုပြီးတော့ စိတ်ဓာတ်ကြံ့ခိုင်ကြသူတွေ ဖြစ်ကြပါတယ်။ စိတ်ခံစားလွယ်ပြီး တခြားသူတွေကို ဘယ်လိုနှစ်သိမ့်ရမလဲ။ ဘယ်လိုပျော်ရွှင်အောင် လုပ်ပေးရမလဲ။ တခြားတစ်ယောက်ရဲ့ နာကျင်မှုတွေကို ဘယ်လိုမျှဝေယူရမလဲ ကောင်းကောင်းနားလည်ကြသူတွေလည်း ဖြစ်ပါတယ်။ သာမန်သူတွေထက် ပိုပြီးသဘောထားကြီးကြသလို အပေါင်းအသင်းပိုဆံ့သူတွေလည်း ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ နောက်တစ်ခါမှာ ရုပ်ရှင်ကြည့်ရင်း မျက်ရည်ကျတတ်သူနဲ့ တွေ့တဲ့အခါ ဟိုဟိုဒီဒီတွေ လိုက်ကဲ့ရဲ့မနေပါနဲ့တော့။ နောက်ပြီး သင်ကိုယ်တိုင်ကခံစားတတ်သူဆိုရင်လည်း မျိုသိပ်မထားပါနဲ့တော့။ ခံစားနေရတာတွေအားလုံးကို မျက်ရည်နဲ့သာမျောချပစ်လိုက်ပါ။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages