ကြာျခားခ်က္ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here


[Zawgyi]
ကြာျခားခ်က္

တခါေတာ့ တကၠသိုလ္ထဲက သူငယ္ခ်င္းျဖစ္လာတဲ့ ခ်န္ နဲ႕ ဂ်င္ဟာ ေစ်းကြက္ရွာေဖြေရး ကုမၼဏီတစ္ခုမွာ အလုပ္၀င္လုပ္ၾကပါတယ္။ ႏွစ္ေယာက္စလံုး အလုပ္ကို ၾကိဳးစာလုပ္ကိုင္ၾကတာေပါ့။ တစ္ႏွစ္ေလာက္ၾကာတဲ့အခါမွာေတာ့ သူ႕သူငယ္ခ်င္း ဂ်င္ဟာ ရာထူးတက္သြားၿပီးေတာ့ ခ်န္ ကေတာ့ ရာထူးမဆက္ပဲရွိေနတယ္။ ေနာက္ဆံုး သည္းမခံနိုင္ေတာ့တဲ့ ခ်န္ ဟာသူေဌးဆီကို ထြက္စာတင္ၿပီးေတာ့ ဘာလို႕သူရာထူးမတိုးလဲဆိုတာကို ေမးၾကည့္ပါတယ္။

သူေဌးကေတာ့ အရင္ဆံုး ခ်န္ ကိုဘာလို႕ရာထူးမတိုးလဲဆိုတာ သိခ်င္ရင္ ငါခိုင္းတဲ့အတိုင္းလုပ္ၾကည့္ပါလို႕ေျပာတယ္။ ခ်န္က သေဘာတူလိုက္တယ္။ ဒါနဲ႕သူေဌးက ေစ်းထဲကို သြား ၿပီးေတာ့ ဖရဲသီးသည္ဘယ္ႏွေယာက္ရွိလဲလို႕သြားၾကည့္ ဆိုၿပီးခိုင္းလိုက္တယ္။ ခ်န္က ေစ်းကိုသြားတယ္။ ျပန္လာတယ္။ ဖရဲသီးသည္ တစ္ေယာက္ထဲရွိ္ပါတယ္ လို႕္ေျဖတယ္။

သူေဌးက "ဒါဆို ဖရဲသီးတစ္လံုး ဘယ္ေစ်းလဲ" ခ်န္မသိဘူး ေစ်းကိုေနာက္တစ္ခါသြားျပန္ေမးတယ္ ျပန္လာတယ္ " တစ္လံုးကို ၁၀၀၀ ပါ"။သူေဌးက ခ်န္ကို ဆက္မခိုင္းေတာ့ဘူး။ သူ႕နားမွာေနေစတယ္။ ၿပီးေတာ့ ဂ်င္ကို ေခၚၿပီးေတာ့ " ေစ်းထဲမွာ ဖရဲသီးသည္ ဘယ္ႏွေယာက္ရွိလဲသြားၾကည့္ခဲ့" ဟုခိုင္းလိုက္တယ္။

သိပ္မၾကာဘူး ဂ်င္ျပန္လာတယ္ " ဖရဲသီးသည္ တစ္သည္ပဲရွိပါတယ္ တစ္လံုးကို ၁၀၀၀ နဲ႕ေရာင္းေနပါတယ္ သူ႕ဆီမွာ ဖရဲသီး ၄၀၀ ေလာက္ရွိပါတယ္။လြန္ခဲ့တဲ့ ႏွစ္ရက္ေလာက္က ခူးဆြတ္လာတယ္လို႕ဆိုပါတယ္။ အနီေရာင္ရဲေနၿပီး လတ္ဆတ္ပံုရပါတယ္" လို႕ ေျဖသတဲ့။

အဲဒီေတာ့မွ သူေဌးက ခ်န္ ဘက္ကိုလွည့္ၿပီးေတာ့ " မင္းဘာလို႕ရာထူးမတက္တာလဲဆိုတာ သိၿပီလား မင္းကအလုပ္ေတာ့ ၾကိဳးစားပါတယ္ ဒါေပမယ့္ ေစ့စပ္မႈမရွိဘူး လာဘ္မျမင္တတ္ဘူး" လို႕ဆိုကာ ခ်န္ရဲ႕နႈတ္ထြက္စာကို ဆုတ္ျဖဲလိုက္တယ္။
" မင္းအလုပ္မထြက္နဲ႕ဦး မင္းလိုအပ္ခ်က္ေတြကို မင္းကိုယ္တိုင္ၾကိဳးစားၾကည့္ဦး " ဆိုၿပိးျပန္လြတ္လိုက္သတဲ့။

ေနာက္ လေတြအၾကာမွာေတာ့ ခ်န္လဲရာထူးတိုးသြားသတဲ့ ၿပီးေတာ့ သူတို႕လုပ္ငန္းမွာလဲ ေအာင္ျမင္တဲ့ ေစ်းကြက္ရွာ၀န္ထမ္းနွစ္ေယာက္ ရွိလာပါတယ္။

စာၾကြင္း။ ။ျမန္မာပံုျပင္ေလးျဖစ္တဲ့ ဘု၇င့္ေယာက္ဖ ေခြးၾကည့္တဲ့ ပံုျပင္ေလးနဲ႕အလားတူေလးပါ



[Unicode]
ကွာခြားချက်

တခါတော့ တက္ကသိုလ်ထဲက သူငယ်ချင်းဖြစ်လာတဲ့ ချန် နဲ့ ဂျင်ဟာ ဈေးကွက်ရှာဖွေရေး ကုမ္မဏီတစ်ခုမှာ အလုပ်ဝင်လုပ်ကြပါတယ်။ နှစ်ယောက်စလုံး အလုပ်ကို ကြိုးစာလုပ်ကိုင်ကြတာပေါ့။ တစ်နှစ်လောက်ကြာတဲ့အခါမှာတော့ သူ့သူငယ်ချင်း ဂျင်ဟာ ရာထူးတက်သွားပြီးတော့ ချန် ကတော့ ရာထူးမဆက်ပဲရှိနေတယ်။ နောက်ဆုံး သည်းမခံနိုင်တော့တဲ့ ချန် ဟာသူဌေးဆီကို ထွက်စာတင်ပြီးတော့ ဘာလို့သူရာထူးမတိုးလဲဆိုတာကို မေးကြည့်ပါတယ်။

သူဌေးကတော့ အရင်ဆုံး ချန် ကိုဘာလို့ရာထူးမတိုးလဲဆိုတာ သိချင်ရင် ငါခိုင်းတဲ့အတိုင်းလုပ်ကြည့်ပါလို့ပြောတယ်။ ချန်က သဘောတူလိုက်တယ်။ ဒါနဲ့သူဌေးက ဈေးထဲကို သွား ပြီးတော့ ဖရဲသီးသည်ဘယ်နှယောက်ရှိလဲလို့သွားကြည့် ဆိုပြီးခိုင်းလိုက်တယ်။ ချန်က ဈေးကိုသွားတယ်။ ပြန်လာတယ်။ ဖရဲသီးသည် တစ်ယောက်ထဲရှိပါတယ် လို့်ဖြေတယ်။

သူဌေးက "ဒါဆို ဖရဲသီးတစ်လုံး ဘယ်ဈေးလဲ" ချန်မသိဘူး ဈေးကိုနောက်တစ်ခါသွားပြန်မေးတယ် ပြန်လာတယ် " တစ်လုံးကို ၁၀၀၀ ပါ"။သူဌေးက ချန်ကို ဆက်မခိုင်းတော့ဘူး။ သူ့နားမှာနေစေတယ်။ ပြီးတော့ ဂျင်ကို ခေါ်ပြီးတော့ " ဈေးထဲမှာ ဖရဲသီးသည် ဘယ်နှယောက်ရှိလဲသွားကြည့်ခဲ့" ဟုခိုင်းလိုက်တယ်။

သိပ်မကြာဘူး ဂျင်ပြန်လာတယ် " ဖရဲသီးသည် တစ်သည်ပဲရှိပါတယ် တစ်လုံးကို ၁၀၀၀ နဲ့ရောင်းနေပါတယ် သူ့ဆီမှာ ဖရဲသီး ၄၀၀ လောက်ရှိပါတယ်။လွန်ခဲ့တဲ့ နှစ်ရက်လောက်က ခူးဆွတ်လာတယ်လို့ဆိုပါတယ်။ အနီရောင်ရဲနေပြီး လတ်ဆတ်ပုံရပါတယ်" လို့ ဖြေသတဲ့။

အဲဒီတော့မှ သူဌေးက ချန် ဘက်ကိုလှည့်ပြီးတော့ " မင်းဘာလို့ရာထူးမတက်တာလဲဆိုတာ သိပြီလား မင်းကအလုပ်တော့ ကြိုးစားပါတယ် ဒါပေမယ့် စေ့စပ်မှုမရှိဘူး လာဘ်မမြင်တတ်ဘူး" လို့ဆိုကာ ချန်ရဲ့နှုတ်ထွက်စာကို ဆုတ်ဖြဲလိုက်တယ်။
" မင်းအလုပ်မထွက်နဲ့ဦး မင်းလိုအပ်ချက်တွေကို မင်းကိုယ်တိုင်ကြိုးစားကြည့်ဦး " ဆိုပြိးပြန်လွတ်လိုက်သတဲ့။

နောက် လတွေအကြာမှာတော့ ချန်လဲရာထူးတိုးသွားသတဲ့ ပြီးတော့ သူတို့လုပ်ငန်းမှာလဲ အောင်မြင်တဲ့ ဈေးကွက်ရှာဝန်ထမ်းနှစ်ယောက် ရှိလာပါတယ်။

စာကြွင်း။ ။မြန်မာပုံပြင်လေးဖြစ်တဲ့ ဘု၇င့်ယောက်ဖ ခွေးကြည့်တဲ့ ပုံပြင်လေးနဲ့အလားတူလေးပါ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages