အႏွစ္ေတြခ်ည္းပဲ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here


[Zawgyi]
တစ္ခါတုန္​းက လူတစ္​ေယာက္​ဟာ မ်က္​မျမင္​ သူငယ္​ခ်င္​းတစ္​ေယာက္​ကို ထမင္​းဖိတ္​ေကြၽးတယ္​...ထမင္​းစားရင္​း အခ်ိန္​က ေတာ္​ေတာ္​ေလးေနာက္​က်သြားၿပီး မိုးခ်ဳပ္​သြားတယ္​... မ်က္​မျမင္​သူငယ္​ခ်င္​းက မိုးအရမ္​းခ်ဳပ္​ေနၿပီ ျပန္​ေတာ့မယ္​လို႔ေျပာတယ္​... ဒါနဲ႔အိမ္​ရွင္​က သူ႔ကို မီးအိမ္​တစ္​ခုေပးလိုက္​တယ္​... မ်က္​မျမင္​ သူငယ္​ခ်င္​းက ေဒါသအရမ္​းထြက္​သြားၿပီးေျပာတယ္​... "ကၽြန္ေတာ္​ဟာ မ်က္​မျမင္​တစ္​ေယာက္​လို႔သိေနပါရဲ႕ ကၽြန္ေတာ္႔ကို မီးအိမ္​တစ္​ခုေပးတာ ကၽြန္ေတာ္႔ကို ေလွာင္​ေနတာလား?"

အိမ္​ရွင္​က ျပန္​ေျပာတယ္​... "ကၽြန္ေတာ္​ သင္​့ကို အေလးထားလို႔ မီးအိမ္​ေပးတာပါ... သင္​ကမျမင္​ရေပမဲ့ တျခားသူက ျမင္​ရတယ္​ေလ... ဒါေၾကာင္​့ ညအေမွာင္​ထဲမွာ တျခားလူက သင္​့ကို မတိုက္​မိႏိုင္​ေတာ့ဘူးေပါ့..." မ်က္​မျမင္​သူငယ္​ခ်င္​း သေဘာေပါက္​နားလည္​သြားပါတယ္​။

နားလည္​သေဘာေပါက္​တာခ်င္​းမတူရင္​ ေနာက္​ဆံုးရလဒ္​က မတူၾကပါဘူး။ ကၽြန္ေတာ္​တို႔ ေနရာခ်င္​းလဲၿပီး စဥ္​းစားေပးဖို႔ လိုပါတယ္​။ ဘယ္​ကိစၥမဆို မတူတဲ့ရႈေထာင့္ကေနၾကည္​့ရင္​ မတူတဲ့အျမင္​ရွိၾကပါတယ္​။

သင္​့မွာ သမီးတစ္​ေယာက္​ရွိရင္​ သားရွင္​ဘက္​က မ်ားမ်ားတင္​ေတာင္​းဖို႔ သင္​ေမွ်ာ္​လင္​့လိမ္​့မယ္​။ သင္​့မွာ သားတစ္​ေယာက္​ရွိရင္​ သမီးရွင္​ဘက္​က မ်ားမ်ားမေတာင္​းဖို႔ ေမွ်ာ္​လင္​့လိမ္​့မယ္​။

သင္​့မွာ ေခြၽးမတစ္​ေယာက္​ရွိရင္​ သူအိမ္​မႈကိစၥေတြမ်ားတယ္​၊ နားလည္​မႈမရွိဘူးလို႔ ျပစ္​တင္​မိလိမ္​့မယ္​။ သင္​့မွာ သမီးတစ္​ေယာက္​ရွိရင္​ သူ႔ေယာကၡမအိမ္​ကို လႊမ္​းမိုးႏိုင္​သူ ျဖစ္​ေစခ်င္​တယ္​။

သင္​လမ္​းေလွ်ာက္​တဲ့အခ်ိန္​ကားေမာင္​းသူေတြကို အျမင္​ကပ္​တယ္​။ သင္​ကားေမာင္​းခ်ိန္​ လမ္းေလွ်ာက္​သူေတြကို ၾကည္​့မရဘူး။

သင္​အလုပ္​သမားျဖစ္​ေနရင္​ သင္​ရဲ႕သူေဌးက ကပ္​ေစးနည္​း အာဏာျပလြန္​းတယ္​လို႔ယူဆတယ္​။ သင္​သူေဌးျဖစ္​တဲ့အခ်ိန္​ သင္​့အလုပ္​သမားေတြက ခိုကပ္​တယ္​ တာဝန္​ယူခ်င္​စိတ္​မရွိဘူးလို႔ ယူဆတယ္​။

သင္​ဝယ္​ယူသူျဖစ္​တဲ့အခ်ိန္​ ေစ်းေရာင္​းသူက အျမတ္​ႀကီးစားလြန္​းတယ္​လို႔သတ္​မွတ္​တယ္​။ သင္​ေစ်းေရာင္​းသူျဖစ္​တဲ့အခ်ိန္​ ဝယ္​ယူသူက ေစ်းဆစ္​တတ္​လြန္​းတယ္​လို႔ သတ္​မွတ္​တယ္​။

အၿမဲတမ္​းကိုယ္​့ေနရာကေနဘဲမၾကည္​့ဘဲ တျခားသူဘက္​ကေနလဲ ၾကည္​့ေပးပါ။ ေနရာလဲၿပီး တစ္​ပါးသူအတြက္​လဲ စဥ္​းစားေပးဖို႔လိုပါတယ္​။

တျခားသူရဲ႕ ဒုကၡကို နားလည္​ေပးႏိုင္​တာ ဂရုစိုက္​မႈတစ္​မ်ိဳးပါ။ တျခားသူရဲ႕အခက္​အခဲကိုနားလည္​ေပးႏိုင္​တာ ၾကင္​နာျခင္​းတစ္​မ်ိဳးပါ။ တျခားသူရဲ႕ အမွားကို ခြင္​့လြတ္​ေပးတတ္​တာဟာ သဘာထားႀကီးျခင္​း တစ္​မ်ိဳးပါ။
-
Credit - Original Writer

[Unicode]
တစ်ခါတုန်းက လူတစ်ယောက်ဟာ မျက်မမြင် သူငယ်ချင်းတစ်ယောက်ကို ထမင်းဖိတ်ကျွေးတယ်...ထမင်းစားရင်း အချိန်က တော်တော်လေးနောက်ကျသွားပြီး မိုးချုပ်သွားတယ်... မျက်မမြင်သူငယ်ချင်းက မိုးအရမ်းချုပ်နေပြီ ပြန်တော့မယ်လို့ပြောတယ်... ဒါနဲ့အိမ်ရှင်က သူ့ကို မီးအိမ်တစ်ခုပေးလိုက်တယ်... မျက်မမြင် သူငယ်ချင်းက ဒေါသအရမ်းထွက်သွားပြီးပြောတယ်... "ကျွန်တော်ဟာ မျက်မမြင်တစ်ယောက်လို့သိနေပါရဲ့ ကျွန်တော့်ကို မီးအိမ်တစ်ခုပေးတာ ကျွန်တော့်ကို လှောင်နေတာလား?"

အိမ်ရှင်က ပြန်ပြောတယ်... "ကျွန်တော် သင့်ကို အလေးထားလို့ မီးအိမ်ပေးတာပါ... သင်ကမမြင်ရပေမဲ့ တခြားသူက မြင်ရတယ်လေ... ဒါကြောင့် ညအမှောင်ထဲမှာ တခြားလူက သင့်ကို မတိုက်မိနိုင်တော့ဘူးပေါ့..." မျက်မမြင်သူငယ်ချင်း သဘောပေါက်နားလည်သွားပါတယ်။

နားလည်သဘောပေါက်တာချင်းမတူရင် နောက်ဆုံးရလဒ်က မတူကြပါဘူး။ ကျွန်တော်တို့ နေရာချင်းလဲပြီး စဉ်းစားပေးဖို့ လိုပါတယ်။ ဘယ်ကိစ္စမဆို မတူတဲ့ရှုထောင့်ကနေကြည့်ရင် မတူတဲ့အမြင်ရှိကြပါတယ်။

သင့်မှာ သမီးတစ်ယောက်ရှိရင် သားရှင်ဘက်က များများတင်တောင်းဖို့ သင်မျှော်လင့်လိမ့်မယ်။ သင့်မှာ သားတစ်ယောက်ရှိရင် သမီးရှင်ဘက်က များများမတောင်းဖို့ မျှော်လင့်လိမ့်မယ်။

သင့်မှာ ချွေးမတစ်ယောက်ရှိရင် သူအိမ်မှုကိစ္စတွေများတယ်၊ နားလည်မှုမရှိဘူးလို့ ပြစ်တင်မိလိမ့်မယ်။ သင့်မှာ သမီးတစ်ယောက်ရှိရင် သူ့ယောက္ခမအိမ်ကို လွှမ်းမိုးနိုင်သူ ဖြစ်စေချင်တယ်။

သင်လမ်းလျှောက်တဲ့အချိန်ကားမောင်းသူတွေကို အမြင်ကပ်တယ်။ သင်ကားမောင်းချိန် လမ်းလျှောက်သူတွေကို ကြည့်မရဘူး။

သင်အလုပ်သမားဖြစ်နေရင် သင်ရဲ့သူဌေးက ကပ်စေးနည်း အာဏာပြလွန်းတယ်လို့ယူဆတယ်။ သင်သူဌေးဖြစ်တဲ့အချိန် သင့်အလုပ်သမားတွေက ခိုကပ်တယ် တာဝန်ယူချင်စိတ်မရှိဘူးလို့ ယူဆတယ်။

သင်ဝယ်ယူသူဖြစ်တဲ့အချိန် ဈေးရောင်းသူက အမြတ်ကြီးစားလွန်းတယ်လို့သတ်မှတ်တယ်။ သင်ဈေးရောင်းသူဖြစ်တဲ့အချိန် ဝယ်ယူသူက ဈေးဆစ်တတ်လွန်းတယ်လို့ သတ်မှတ်တယ်။

အမြဲတမ်းကိုယ့်နေရာကနေဘဲမကြည့်ဘဲ တခြားသူဘက်ကနေလဲ ကြည့်ပေးပါ။ နေရာလဲပြီး တစ်ပါးသူအတွက်လဲ စဉ်းစားပေးဖို့လိုပါတယ်။

တခြားသူရဲ့ ဒုက္ခကို နားလည်ပေးနိုင်တာ ဂရုစိုက်မှုတစ်မျိုးပါ။ တခြားသူရဲ့အခက်အခဲကိုနားလည်ပေးနိုင်တာ ကြင်နာခြင်းတစ်မျိုးပါ။ တခြားသူရဲ့ အမှားကို ခွင့်လွတ်ပေးတတ်တာဟာ သဘာထားကြီးခြင်း တစ်မျိုးပါ။
-
Credit - Original Writer

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages