မိခင္ျဖစ္လာၿပီးမွ ေျပာင္းလဲလာေသာ အက်င့္သစ္ေတြ - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
မိခင္ျဖစ္လာၿပီးမွ ေျပာင္းလဲလာေသာ အက်င့္သစ္ေတြ

မိခင္ျဖစ္လာၿပီးမွ ေျပာင္းလဲလာေသာ အက်င့္သစ္ေတြ

Share This
[Zawgyi]
မိခင္ျဖစ္လာၿပီးမွ ေျပာင္းလဲလာေသာ အက်င့္သစ္ေတြ
--------------------------------------------------------------
မိခင္ျဖစ္လာၿပီးမွ တတ္လာေသာ ပညာရပ္ေတြ ေျပာင္းလဲလာေသာအက်င့္သစ္ေတြ အမ်ားႀကီး႐ွိပါတယ္။ 😛

ဥပမာ

- ကေလးခ်ီရင္း အေပါ့သြားတတ္ျခင္း

- ၅မိနစ္အတြင္း မ်က္ႏွာသစ္ ၊ သြားတိုက္ ၊ ေရခ်ိဳးအားလံုးၿပီးေအာင္လုပ္ႏိုင္ျခင္း <တစ္ခါတစ္ေလ ေရခ်ိဳးေနရင္း ကေလးအသံမၾကားလို႔ သဘက္ပတ္ၿပီးထြက္ေခ်ာင္းတတ္>

- ကေလးခ်ီရင္း ထမင္းစားတတ္ျခင္း <ကေလးႀကီးလာေတာ့ ကိုယ့္ထဲကယူစားလို႔ သူစားလို႔မရတာေတြ ကိုယ္ပါအငတ္ခံရျခင္း>

- ကေလးခ်ီၿပီး တစ္ေယာက္တည္းေစ်းဝယ္ထြက္ ၊ အျပင္ထြက္တတ္လာျခင္း

- ေက်ာ့ေက်ာ့ေမာ့ေမာ့လွလွပပ ပံုရိပ္အခ်ိဳ႕ကို အိပ္မက္ဟုသာသေဘာထားၿပီး သင့္ေလ်ာ္ရာတီ႐ွပ္ ၊ ေဘာင္းဘီတိုဝတ္ဆင္ၿပီး မ်က္ႏွာေျပာင္ျဖင့္သြားလာတတ္လာျခင္း

- အလုပ္ထဲမွာ အစာစားခ်ိန္ေနာက္က်တဲ့အခါ ကြန္ပလိန္းတက္တတ္ေပမယ့္ အိမ္မွာ၂နပ္ေပါင္းစားရသည္ကို ဘာမွမျဖစ္ျခင္း။

- အလုပ္လုပ္တုန္းက အိပ္ခ်ိန္၇နာရီေလာက္ရတာကို အိပ္ေရးမဝေပမယ့္ မိခင္ျဖစ္လာခ်ိန္မွာ တစ္နာရီတစ္ေခါက္ႏို႔ထတိုက္ရၿပီး စုစုေပါင္းအိပ္ခ်ိန္၅နာရီမျပည့္ရင္ေတာင္ ခံႏိုင္ရည္ေကာင္းေနျခင္း။

- ဘယ္ေနရာမဆို တတ္ႏိုင္သမ်ွ နည္းနည္းကာၿပီး ႏို႔တိုက္တတ္ျခင္း

- 5 days အလုပ္လုပ္ရတာ ပင္ပန္းလိုက္တာလို႔ၿငီးခဲ့ဖူးေပမယ့္ နားခ်ိန္မ႐ွိ 24/7 အလုပ္ကိုၿငီးတြားဖို႔ေတာင္သတိမရျခင္း

- အလုပ္လုပ္တုန္းက နည္းနည္းဖ်ားလ်င္ ေဆးခြင့္ယူၿပီးနားတတ္ေပမယ့္ မိခင္ျဖစ္လာေတာ့ ဖ်ားေနလည္းအကုန္လုပ္ႏိုင္ျခင္း

- ကေလးသီခ်င္းအဆိုေတာ္ျဖစ္လာျခင္း

- ကေလးအသံုးအေဆာင္ပစၥည္းမ်ားပဲ သိေတာ့ျခင္း။

- လူႀကီးသံုးေခတ္ေပၚပစၥည္းတံဆိပ္ေတြ သိပ္မရင္းႏွီးေတာ့လို႔ အသိေတြေျပာရင္ အူေၾကာင္ေၾကာင္ျဖစ္ျခင္း

- high heels တြင္တြင္ႀကိဳက္ေသာ ကြၽန္မ အခုမစီးတတ္ေတာ့လို႔ slipper ႏွင့္သာရေတာ့ျခင္း

- ကိုရီးယားဂါဝန္တိုလွလွေလးေတြ လွလွပပ လံုလံုျခံဳျခံဳ ဝတ္တတ္ေသာ ကြၽန္မ အခုဝတ္ရင္ ယားက်ိက်ိျဖစ္ၿပီး လံုလံုုျခံဳျခံဳမထိုင္တတ္တတ္ေသာေၾကာင့္ တီ႐ွပ္နဲ႔ေဘာင္းဘီတိုသာလက္စြဲဝတ္ေတာ့ျခင္း

- အႀကိမ္ႀကိမ္ေခါင္းၿဖီးတတ္သူ တစ္ေန႔တစ္ႀကိမ္ ႀကိဴးစားၿဖီးေနရ

- ကေလးကိုေဘးခ် ပါးစပ္မွလည္းသီခ်င္းဆို ၊ အတူခဏေဆာ့ကစားလိုက္ ေခ်ဳာ့လိုက္ျဖင့္ ဟင္းခ်က္ႏိုင္လာျခင္း

- ကေလးငိုသံကိုအေဝးႀကီးမွၾကားႏိုင္ေသာ အၾကားစြမ္းအားေကာင္းလာျခင္း

- ကေလးအရိပ္အကဲကိုၾကည့္လိုက္တာနဲ႔ ဘာျဖစ္ေနလဲ သိႏိုင္ေသာစြမ္းအားရလာျခင္း

- အလုပ္လုပ္တုန္းက alarm ျမည္ရင္မထႏိုင္။ ကေလးအသံအိခနဲ ၾကားတာနဲ႔ ငုတ္တုတ္ခ်က္ခ်င္းထႏိုင္ျခင္း

- ရသစာေပမ်ားသိပ္ဖတ္သူမွ ကေလးျပဳစုေစာင့္ေ႐ွာက္နည္းစာအုပ္မ်ားပဲ ဖတ္ျဖစ္ေတာ့ျခင္း

- အိမ္နည္းနည္းေလးပြရင္ မေနတတ္သူက တစ္အိမ္လံုးေဆာ့စရာမ်ားျပည့္ေနလည္း သိုင္းကြက္နင္းၿပီး ေလ်ွာက္တတ္လာျခင္း

- ဘယ္စကားေျပာေျပာ ကေလးအေၾကာငး္မပါလ်င္ မၿပီးႏိုင္ျခင္း

**မိခင္ = သူနာျပဳ + စားဖိုမႈး + သန္႔႐ွင္းေရးသမား + ဆရာဝန္ + ဆရာမ + အဆိုေတာ္ + စြယ္စံုက်မ္းပညာ႐ွင္**မွတ္မိမွ ထပ္ျဖည့္ဦးမည္ 😀
(ဤစေတးတပ္အား ေပါင္ေပၚတြင္အိပ္ေပ်ာ္ေနေသာ ကေလးအားခ်ီ၍ ေရးသည္)

[Unicode]
မိခင်ဖြစ်လာပြီးမှ ပြောင်းလဲလာသော အကျင့်သစ်တွေ
--------------------------------------------------------------
မိခင်ဖြစ်လာပြီးမှ တတ်လာသော ပညာရပ်တွေ ပြောင်းလဲလာသောအကျင့်သစ်တွေ အများကြီးရှိပါတယ်။ 😛

ဥပမာ

- ကလေးချီရင်း အပေါ့သွားတတ်ခြင်း

- ၅မိနစ်အတွင်း မျက်နှာသစ် ၊ သွားတိုက် ၊ ရေချိုးအားလုံးပြီးအောင်လုပ်နိုင်ခြင်း <တစ်ခါတစ်လေ ရေချိုးနေရင်း ကလေးအသံမကြားလို့ သဘက်ပတ်ပြီးထွက်ချောင်းတတ်>

- ကလေးချီရင်း ထမင်းစားတတ်ခြင်း <ကလေးကြီးလာတော့ ကိုယ့်ထဲကယူစားလို့ သူစားလို့မရတာတွေ ကိုယ်ပါအငတ်ခံရခြင်း>

- ကလေးချီပြီး တစ်ယောက်တည်းဈေးဝယ်ထွက် ၊ အပြင်ထွက်တတ်လာခြင်း

- ကျော့ကျော့မော့မော့လှလှပပ ပုံရိပ်အချို့ကို အိပ်မက်ဟုသာသဘောထားပြီး သင့်လျော်ရာတီရှပ် ၊ ဘောင်းဘီတိုဝတ်ဆင်ပြီး မျက်နှာပြောင်ဖြင့်သွားလာတတ်လာခြင်း

- အလုပ်ထဲမှာ အစာစားချိန်နောက်ကျတဲ့အခါ ကွန်ပလိန်းတက်တတ်ပေမယ့် အိမ်မှာ၂နပ်ပေါင်းစားရသည်ကို ဘာမှမဖြစ်ခြင်း။

- အလုပ်လုပ်တုန်းက အိပ်ချိန်၇နာရီလောက်ရတာကို အိပ်ရေးမဝပေမယ့် မိခင်ဖြစ်လာချိန်မှာ တစ်နာရီတစ်ခေါက်နို့ထတိုက်ရပြီး စုစုပေါင်းအိပ်ချိန်၅နာရီမပြည့်ရင်တောင် ခံနိုင်ရည်ကောင်းနေခြင်း။

- ဘယ်နေရာမဆို တတ်နိုင်သမျှ နည်းနည်းကာပြီး နို့တိုက်တတ်ခြင်း

- 5 days အလုပ်လုပ်ရတာ ပင်ပန်းလိုက်တာလို့ငြီးခဲ့ဖူးပေမယ့် နားချိန်မရှိ 24/7 အလုပ်ကိုငြီးတွားဖို့တောင်သတိမရခြင်း

- အလုပ်လုပ်တုန်းက နည်းနည်းဖျားလျင် ဆေးခွင့်ယူပြီးနားတတ်ပေမယ့် မိခင်ဖြစ်လာတော့ ဖျားနေလည်းအကုန်လုပ်နိုင်ခြင်း

- ကလေးသီချင်းအဆိုတော်ဖြစ်လာခြင်း

- ကလေးအသုံးအဆောင်ပစ္စည်းများပဲ သိတော့ခြင်း။

- လူကြီးသုံးခေတ်ပေါ်ပစ္စည်းတံဆိပ်တွေ သိပ်မရင်းနှီးတော့လို့ အသိတွေပြောရင် အူကြောင်ကြောင်ဖြစ်ခြင်း

- high heels တွင်တွင်ကြိုက်သော ကျွန်မ အခုမစီးတတ်တော့လို့ slipper နှင့်သာရတော့ခြင်း

- ကိုရီးယားဂါဝန်တိုလှလှလေးတွေ လှလှပပ လုံလုံခြုံခြုံ ဝတ်တတ်သော ကျွန်မ အခုဝတ်ရင် ယားကျိကျိဖြစ်ပြီး လုံလုံုခြုံခြုံမထိုင်တတ်တတ်သောကြောင့် တီရှပ်နဲ့ဘောင်းဘီတိုသာလက်စွဲဝတ်တော့ခြင်း

- အကြိမ်ကြိမ်ခေါင်းဖြီးတတ်သူ တစ်နေ့တစ်ကြိမ် ကြိူးစားဖြီးနေရ

- ကလေးကိုဘေးချ ပါးစပ်မှလည်းသီချင်းဆို ၊ အတူခဏဆော့ကစားလိုက် ချေုာ့လိုက်ဖြင့် ဟင်းချက်နိုင်လာခြင်း

- ကလေးငိုသံကိုအဝေးကြီးမှကြားနိုင်သော အကြားစွမ်းအားကောင်းလာခြင်း

- ကလေးအရိပ်အကဲကိုကြည့်လိုက်တာနဲ့ ဘာဖြစ်နေလဲ သိနိုင်သောစွမ်းအားရလာခြင်း

- အလုပ်လုပ်တုန်းက alarm မြည်ရင်မထနိုင်။ ကလေးအသံအိခနဲ ကြားတာနဲ့ ငုတ်တုတ်ချက်ချင်းထနိုင်ခြင်း

- ရသစာပေများသိပ်ဖတ်သူမှ ကလေးပြုစုစောင့်ရှောက်နည်းစာအုပ်များပဲ ဖတ်ဖြစ်တော့ခြင်း

- အိမ်နည်းနည်းလေးပွရင် မနေတတ်သူက တစ်အိမ်လုံးဆော့စရာများပြည့်နေလည်း သိုင်းကွက်နင်းပြီး လျှောက်တတ်လာခြင်း

- ဘယ်စကားပြောပြော ကလေးအကြောင်းမပါလျင် မပြီးနိုင်ခြင်း

**မိခင် = သူနာပြု + စားဖိုမှုး + သန့်ရှင်းရေးသမား + ဆရာဝန် + ဆရာမ + အဆိုတော် + စွယ်စုံကျမ်းပညာရှင်**မှတ်မိမှ ထပ်ဖြည့်ဦးမည် 😀
(ဤစတေးတပ်အား ပေါင်ပေါ်တွင်အိပ်ပျော်နေသော ကလေးအားချီ၍ ရေးသည်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages