လူတိုင္းလူတိုင္းမွာ… - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here


[Zawgyi]
ကိုယ့္မွာဘဲ အခက္အခဲေတြရွိတယ္မထင္နဲ ့၊ ေသာကေတြရွိတယ္မထင္နဲ ့၊ ဆင္းရဲမွူေတြရွိတယ္မထင္နဲ ့။
တစ္ေလာကလုံးမွာ ကိုယ့္လိုလူေတြအမ်ားၾကီးဆိုတာ ေတြးထားပါ။ အရင္ရွိခဲ့ဖူးတာ၊ ယခုရွိေနတာနဲ ့ေနာင္
ရွိလာေတာ့မယ္ဆိုတဲ့ အခ်ိန္သာကြာျခားပါတယ္။

ျပီးျပည့္စုံတဲ့ဘ၀မ်ိဳး သိပ္ရွာရခက္လိမ့္မယ္။ ကိုယ့္ပတ္၀န္းက်င္က လူေတြက အပူရုပ္ကို ဟန္လုပ္ေနၾက
တဲ့ လူေတြမ်ားတယ္။ ဘ၀ေပးအေျခအေနနဲ ့လိုက္ျပီး အမ်ိဳးမ်ိဳးရင္ဆိုင္ေျဖရွင္းေနၾကရတယ္။ အခက္အခဲ
ဆိုတာခ်ည္းကို ခံစားေနဖို ့အခ်ိန္ ဘ၀မွာသိပ္နည္းပါတယ္။

အခ်ိန္နဲ ့ဘ၀က သူ ့ဟာသူ ဟန္ခ်က္ညီေအာင္ရွိေနပါေစ၊ မိမိကအခက္အခဲၾကီးကိုကိုင္ ခံစားမွုၾကီးကိုပိုက္ျပီး 
သြားအလုပ္မေပးသင့္ဘူး။ လက္ရွိထက္ နွစ္ဆပိုပန္းသြားနိုင္တယ္။ ေအာင္ျမင္မွုေတြဟာ အခက္အခဲေတြအျဖစ္
အေယာင္ေဆာင္လာတတ္တာကို သိထားရမယ္။

လူဆင္းရဲတစ္ေယာက္ဟာ လက္ထဲမွာ ၂၉ ေဒၚလာကို ကိုင္ျပီး ေသေလာက္ေအာင္စိတ္ညစ္ေနတယ္။ သူ ့
ဘ၀က မိသားစုကေတာင္ပစ္သြားတဲ့အထိ ဆိုးရြားခဲ့တာပါ။ သိပ္ေအးတဲ့ေရခဲနွင္းေတြၾကားမွာ အကၤ်ီအစုတ္
ၾကီးကို၀တ္ လက္တစ္ဖက္က အေပါစားအရက္ၾကမ္း ပုလင္းတစ္၀က္ေလာက္သာသာကိုကိုင္ျပီး ေအးမွန္း
ေတာင္ သူက သိပုံမရပါဘူး။

ေသနတ္ေရာင္းတဲ့ဆိုင္ေရွ ့ကိုေရာက္တဲ့အခါ ၂၉ ေဒၚလာတန္ တစ္လက္၀ယ္ဖို ့ဆုံးျဖတ္လိုက္တယ္။ အဓိပၸာယ္
မဲ့တဲ့သူ ့ဘ၀ကို သက္ေသဖို ့အထိေတြးထားလိုက္တာပါ။ ဒါေပမယ့္ သူမ၀ယ္ျဖစ္ပါဘူး။ လက္ထဲက ၂၉ ေဒၚလာ
ကိုကိုင္ျပီး ျပန္ထြက္လာခဲ့တယ္။ 

ျပီးေတာ့ ဆက္ေလွ်ာက္လာရင္းနဲ ့စာအုပ္ဆိုင္ေရွ ့ေရာက္ေတာ့ သူ ့ဘ၀ရဲ့အနွစ္သက္ဆုံးစာအုပ္တစ္အုပ္ကို ၂၉ ေဒၚ
လာနဲ ့ေပး၀ယ္လိုက္တယ္။ သူနဲ ့အသင့္ေတာ္ဆုံးလို ့ေရြးခ်ယ္လိုက္တဲ့ ဒီစာအုပ္တစ္အုပ္ဟာ သူ ့ဘ၀ကိုလုံး၀ေျပာင္း
လဲေပးနိုင္ခဲ့တယ္။ အဲ့ဒီဆင္းရဲသားကေတာ့ ေအာ္မန္ဒီနိုဆိုတဲ့ ကမၻာေက်ာ္စာေရးဆရာ၊ ေဟာေျပာမွုေကာင္းတဲ့
ပညာရွင္တစ္ေယာက္ျဖစ္လာတာပါပဲ။

ေအာ္မန္ဒီနိုက ေသနတ္ကို ဘာလို ့မ၀ယ္ျဖစ္ခဲ့တာလဲဆိုေတာ့ သူ ့မွာ အေတြးေကာင္းေလးတစ္ခုရလိုက္လို ့ပါ။
ဒါကေတာ့ တစ္ေလာကလုံးမွာ ငါတစ္ေယာက္ပဲ ခုလိုအခက္အခဲေတြရွိေနတာလား။ အျခားသူေတြကေရာ မရွိၾက
ဘူးတဲ့လား။ လူတိုင္းအခက္အခဲ ျပႆနာေတြကိုယ္စီရွိေနနိုင္တယ္လုိ ့ေတြးမိလို ့ပါပဲ။

ဒီတြက္ေၾကာင့္ ကိုယ္ပဲဒုကၡေတြေရာက္ေနတယ္၊ ဆင္းရဲတြင္းနက္ေနတယ္လို ့မထင္ၾကပါနဲ ့။ ဆင္လည္း ဆင္အခက္
အခဲ၊ ပုရြက္ဆိတ္လည္း ပုရြက္ဆိတ္အခက္အခဲေပါ့ေလ။ ကိုယ့္ခြန္အားနဲ ့ကိုယ္ ေျဖရွင္းေနၾကသူခ်ည္းပါ။ ကိုယ့္ဟာ
ကိုယ္ အလုပ္ရွုပ္ခံ ခံစားမေနနဲ ့ေတာ့။ စိတ္ေၾကာင့္ နာက်င္မွုရွိတဲ့အခါ စိတ္ရဲ့ေပ်ာ္ရႊင္မွုေတြရွာျပီး ေျဖေဖ်ာက္နိုင္ေအာင္
ၾကိဳးစားပါ။ ကိုယ့္ဘ၀မွာ ကိုယ္ဟာပညာရွင္ပဲ၊ ကိုယ္ကိုတိုင္ပဲ ေျဖရွင္းမွုေတြလုပ္ၾကရမွာ ျဖစ္ပါတယ္။

#SKC

[Unicode]
ကိုယ့်မှာဘဲ အခက်အခဲတွေရှိတယ်မထင်နဲ့၊ သောကတွေရှိတယ်မထင်နဲ့၊ ဆင်းရဲမှူတွေရှိတယ်မထင်နဲ့။
တစ်လောကလုံးမှာ ကိုယ့်လိုလူတွေအများကြီးဆိုတာ တွေးထားပါ။ အရင်ရှိခဲ့ဖူးတာ၊ ယခုရှိနေတာနဲ့နောင်
ရှိလာတော့မယ်ဆိုတဲ့ အချိန်သာကွာခြားပါတယ်။

ပြီးပြည့်စုံတဲ့ဘဝမျိုး သိပ်ရှာရခက်လိမ့်မယ်။ ကိုယ့်ပတ်ဝန်းကျင်က လူတွေက အပူရုပ်ကို ဟန်လုပ်နေကြ
တဲ့ လူတွေများတယ်။ ဘဝပေးအခြေအနေနဲ့လိုက်ပြီး အမျိုးမျိုးရင်ဆိုင်ဖြေရှင်းနေကြရတယ်။ အခက်အခဲ
ဆိုတာချည်းကို ခံစားနေဖို့အချိန် ဘဝမှာသိပ်နည်းပါတယ်။

အချိန်နဲ့ဘဝက သူ့ဟာသူ ဟန်ချက်ညီအောင်ရှိနေပါစေ၊ မိမိကအခက်အခဲကြီးကိုကိုင် ခံစားမှုကြီးကိုပိုက်ပြီး 
သွားအလုပ်မပေးသင့်ဘူး။ လက်ရှိထက် နှစ်ဆပိုပန်းသွားနိုင်တယ်။ အောင်မြင်မှုတွေဟာ အခက်အခဲတွေအဖြစ်
အယောင်ဆောင်လာတတ်တာကို သိထားရမယ်။

လူဆင်းရဲတစ်ယောက်ဟာ လက်ထဲမှာ ၂၉ ဒေါ်လာကို ကိုင်ပြီး သေလောက်အောင်စိတ်ညစ်နေတယ်။ သူ့
ဘဝက မိသားစုကတောင်ပစ်သွားတဲ့အထိ ဆိုးရွားခဲ့တာပါ။ သိပ်အေးတဲ့ရေခဲနှင်းတွေကြားမှာ အင်္ကျီအစုတ်
ကြီးကိုဝတ် လက်တစ်ဖက်က အပေါစားအရက်ကြမ်း ပုလင်းတစ်ဝက်လောက်သာသာကိုကိုင်ပြီး အေးမှန်း
တောင် သူက သိပုံမရပါဘူး။

သေနတ်ရောင်းတဲ့ဆိုင်ရှေ့ကိုရောက်တဲ့အခါ ၂၉ ဒေါ်လာတန် တစ်လက်ဝယ်ဖို့ဆုံးဖြတ်လိုက်တယ်။ အဓိပ္ပာယ်
မဲ့တဲ့သူ့ဘဝကို သက်သေဖို့အထိတွေးထားလိုက်တာပါ။ ဒါပေမယ့် သူမဝယ်ဖြစ်ပါဘူး။ လက်ထဲက ၂၉ ဒေါ်လာ
ကိုကိုင်ပြီး ပြန်ထွက်လာခဲ့တယ်။ 

ပြီးတော့ ဆက်လျှောက်လာရင်းနဲ့စာအုပ်ဆိုင်ရှေ့ရောက်တော့ သူ့ဘဝရဲ့အနှစ်သက်ဆုံးစာအုပ်တစ်အုပ်ကို ၂၉ ဒေါ်
လာနဲ့ပေးဝယ်လိုက်တယ်။ သူနဲ့အသင့်တော်ဆုံးလို့ရွေးချယ်လိုက်တဲ့ ဒီစာအုပ်တစ်အုပ်ဟာ သူ့ဘဝကိုလုံးဝပြောင်း
လဲပေးနိုင်ခဲ့တယ်။ အဲ့ဒီဆင်းရဲသားကတော့ အော်မန်ဒီနိုဆိုတဲ့ ကမ္ဘာကျော်စာရေးဆရာ၊ ဟောပြောမှုကောင်းတဲ့
ပညာရှင်တစ်ယောက်ဖြစ်လာတာပါပဲ။

အော်မန်ဒီနိုက သေနတ်ကို ဘာလို့မဝယ်ဖြစ်ခဲ့တာလဲဆိုတော့ သူ့မှာ အတွေးကောင်းလေးတစ်ခုရလိုက်လို့ပါ။
ဒါကတော့ တစ်လောကလုံးမှာ ငါတစ်ယောက်ပဲ ခုလိုအခက်အခဲတွေရှိနေတာလား။ အခြားသူတွေကရော မရှိကြ
ဘူးတဲ့လား။ လူတိုင်းအခက်အခဲ ပြဿနာတွေကိုယ်စီရှိနေနိုင်တယ်လို့တွေးမိလို့ပါပဲ။

ဒီတွက်ကြောင့် ကိုယ်ပဲဒုက္ခတွေရောက်နေတယ်၊ ဆင်းရဲတွင်းနက်နေတယ်လို့မထင်ကြပါနဲ့။ ဆင်လည်း ဆင်အခက်
အခဲ၊ ပုရွက်ဆိတ်လည်း ပုရွက်ဆိတ်အခက်အခဲပေါ့လေ။ ကိုယ့်ခွန်အားနဲ့ကိုယ် ဖြေရှင်းနေကြသူချည်းပါ။ ကိုယ့်ဟာ
ကိုယ် အလုပ်ရှုပ်ခံ ခံစားမနေနဲ့တော့။ စိတ်ကြောင့် နာကျင်မှုရှိတဲ့အခါ စိတ်ရဲ့ပျော်ရွှင်မှုတွေရှာပြီး ဖြေဖျောက်နိုင်အောင်
ကြိုးစားပါ။ ကိုယ့်ဘဝမှာ ကိုယ်ဟာပညာရှင်ပဲ၊ ကိုယ်ကိုတိုင်ပဲ ဖြေရှင်းမှုတွေလုပ်ကြရမှာ ဖြစ်ပါတယ်။

#SKC

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages