အခ်ိဳေရွာင္သူမ်ား နဲ ့ ဆီးခ်ိဳ သမားမ်ား အတြက္ ၾကက္ဥပူတင္း အျမန္လုပ္နည္း - ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
အခ်ိဳေရွာင္သူမ်ား နဲ ့ ဆီးခ်ိဳ သမားမ်ား အတြက္ ၾကက္ဥပူတင္း အျမန္လုပ္နည္း

အခ်ိဳေရွာင္သူမ်ား နဲ ့ ဆီးခ်ိဳ သမားမ်ား အတြက္ ၾကက္ဥပူတင္း အျမန္လုပ္နည္း

Share This

[Zawgyi]
အခ်ိဳေရွာင္သူမ်ား နဲ ့ ဆီးခ်ိဳ သမားမ်ား အတြက္
ၾကက္ဥပူတင္း အျမန္လုပ္နည္း
--------------------------

ဒါေတြစံုရင္ ပူတင္းလုပ္လို ့ရပါၿပီ။
(အခု အခ်ိဳးအစားက ၅ေယာက္စာ ဝဝလင္လင္စားႏိုင္ပါမယ္။)

ၾကက္ဥ ၅လံုး၊
 ႏြားႏို ့၅၀သား ၊
ေပါင္မုန္ ့ ၁ခ်ပ္ (ေပ်ာ့ေပ်ာ့ေလး စားခ်င္ရင္ မထည့္လည္းရ) ၊
Equal သၾကားထုပ္ေသး ၁၀ထုပ္၊
(ခ်ိဳတာႀကိဳက္လွ်င္ ၁၅ထုပ္ေလာက္ထည့္ပါ။)
ဆား အနည္းငယ္။

ျပဳလုပ္နည္း
 ႏြားႏို ့ကို က်ေအာင္ တည္ပါ။ အရမ္းက်စရာလည္း မလိုပါ။ ပံုမွန္ေလာက္ က်ရင္ အေအးခံပါ။ ျမန္ ခ်င္ရင္ အိုးကို ေရေအးစိမ္လိုက္ပါ။

 ႏြားႏို ့ေအးၿပီဆို ၾကက္ဥေဖာက္ထည့္ပါ။ Equal သၾကားထုပ္ေတြ ထည့္ပါ။ ဆားနည္းနည္း ထည့္ပါ။ ေပါင္မုန္ ့ကို ေသးေသးေလးေတြ ေႁခြထည့္ပါ။ ေဘးသား မထည့္ပါနဲ ့။ (အရမ္းေပ်ာ့ေပ်ာ့ေလး စားခ်င္လွ်င္ ေပါင္မုန္ ့မထည့္ပါနဲ ့။) အားလံုး ထည့္ၿပီးပါက သမေအာင္ ေမႊပါ။ ေသခ်ာ ခေလာက္ပါ။

ၿပီးလွ်င္ ေရေႏြးေငြ ့ျဖင့္ ေပါင္းရပါမည္။ အိုးအတိုင္း သို ့မဟုတ္ ကိုယ္စားခ်င္တဲ့ ပန္းကန္ ေတြ / ပံုစံခြက္ေလးေတြ နဲ ့လည္း ေပါင္းႏိုင္ပါတယ္။ ေပါင္းအိုးထဲမွာ မိမိထည့္ေသာခြက္/အိုး မ်ားကို အဖံုး တဆင့္အုပ္ၿပီးမွ ေပါင္းပါ။ ခြက္ ေသးေလးေတြဆို ၁၀ မိနစ္ နဲ ့ အိုးလိုက္ဆို မိနစ္ ၂၀ ေလာက္ ထားေပါင္းေပးပါ။ ၿပီးလွ်င္ က်န္းမာေရး နဲ ့ အထူးသင့္ေလ်ာ္တဲ့ homemade  ၾကက္ဥပူတင္း ႏူးႏူးညံ့ညံ့ အိစက္စက္ေလးကို စားသံုးႏိုင္ပါၿပီ။

က်န္းမာစြာ စားသံုး ျပံဳးေပ်ာ္ႏိုင္ၾကပါေစ။


[Unicode]
အချိုရှောင်သူများ နဲ့ ဆီးချို သမားများ အတွက်
ကြက်ဥပူတင်း အမြန်လုပ်နည်း
--------------------------

ဒါတွေစုံရင် ပူတင်းလုပ်လို့ရပါပြီ။
(အခု အချိုးအစားက ၅ယောက်စာ ဝဝလင်လင်စားနိုင်ပါမယ်။)

ကြက်ဥ ၅လုံး၊
 နွားနို့၅၀သား ၊
ပေါင်မုန့် ၁ချပ် (ပျော့ပျော့လေး စားချင်ရင် မထည့်လည်းရ) ၊
Equal သကြားထုပ်သေး ၁၀ထုပ်၊
(ချိုတာကြိုက်လျှင် ၁၅ထုပ်လောက်ထည့်ပါ။)
ဆား အနည်းငယ်။

ပြုလုပ်နည်း
 နွားနို့ကို ကျအောင် တည်ပါ။ အရမ်းကျစရာလည်း မလိုပါ။ ပုံမှန်လောက် ကျရင် အအေးခံပါ။ မြန် ချင်ရင် အိုးကို ရေအေးစိမ်လိုက်ပါ။

 နွားနို့အေးပြီဆို ကြက်ဥဖောက်ထည့်ပါ။ Equal သကြားထုပ်တွေ ထည့်ပါ။ ဆားနည်းနည်း ထည့်ပါ။ ပေါင်မုန့်ကို သေးသေးလေးတွေ ခြွေထည့်ပါ။ ဘေးသား မထည့်ပါနဲ့။ (အရမ်းပျော့ပျော့လေး စားချင်လျှင် ပေါင်မုန့်မထည့်ပါနဲ့။) အားလုံး ထည့်ပြီးပါက သမအောင် မွှေပါ။ သေချာ ခလောက်ပါ။

ပြီးလျှင် ရေနွေးငွေ့ဖြင့် ပေါင်းရပါမည်။ အိုးအတိုင်း သို့မဟုတ် ကိုယ်စားချင်တဲ့ ပန်းကန် တွေ / ပုံစံခွက်လေးတွေ နဲ့လည်း ပေါင်းနိုင်ပါတယ်။ ပေါင်းအိုးထဲမှာ မိမိထည့်သောခွက်/အိုး များကို အဖုံး တဆင့်အုပ်ပြီးမှ ပေါင်းပါ။ ခွက် သေးလေးတွေဆို ၁၀ မိနစ် နဲ့ အိုးလိုက်ဆို မိနစ် ၂၀ လောက် ထားပေါင်းပေးပါ။ ပြီးလျှင် ကျန်းမာရေး နဲ့ အထူးသင့်လျော်တဲ့ homemade  ကြက်ဥပူတင်း နူးနူးညံ့ညံ့ အိစက်စက်လေးကို စားသုံးနိုင်ပါပြီ။

ကျန်းမာစွာ စားသုံး ပြုံးပျော်နိုင်ကြပါစေ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages