အိပ်မပျော်ဘူးလား .. ငှက်ပျောသီးရေနွေး သောက်ပါ - ထီးကလေး စာပေ

Random Posts

test banner

Post Top Ad

Responsive Ads Here
အိပ်မပျော်ဘူးလား .. ငှက်ပျောသီးရေနွေး သောက်ပါ

အိပ်မပျော်ဘူးလား .. ငှက်ပျောသီးရေနွေး သောက်ပါ

Share This
အိပ်မပျော်ဘူးလား .. ငှက်ပျောသီးရေနွေး သောက်ပါ 

ငှက်ပျောသီးမှာ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ် ကြွယ်ဝစွာ ပါဝင်ပါတယ် ။
မဂ္ဂနီဆီယမ်က အိပ်မပျော်ခြင်း ဖြစ်စေသည့် အနှာက်အယှက်များကို ကာကွယ်ပေးပါတယ် ။
မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်က ကြွက်သားများကို ပျော့ပြောင်းစေပါတယ် ။

ငှက်ပျောသီးက အော်ဂဲနစ် ဖြစ်ဖို့ လိုအပ်ပါတယ် ။
မဟုတ်ပါက ပိုးသတ်ဆေးများ ပါဝင်နိုင်တာမို့ အန္တရာယ် မကင်းပါဘူး ။

ငှက်ပျောသီးမှည့် ၁ လုံး ၊
သစ်ကြံပိုးခေါက် အနည်းငယ် လိုအပ်ပါတယ် ၊

ခွက်တခုမှာ ရေ မတ်ခွက် တခွက်စာ ထည့်ပြီ ဆူအောင်ကြိုပါ ။
ငှက်ပျောသီးမှည့်ကို အခွံမခွါပဲ အရင်းစွန်း အဖျားစွန်းများ တိပစ်ပြီး
ဆူနေသော ရေနွေးအိုးထဲ ထည့်ပါ ။
၁၀ မိနစ် ပြုတ်ပါ ။
မတ်ခွက်ထဲသို့ စစ်ထည့်ပါ ။
သစ်ကြံပိုးခေါက်ကို နှစ်သက်ပါက အနည်းငယ် ဖြူးနိုင်ပါတယ် ။
မတ်ခွက်ထဲ ထည့်ပြီး နှပ်ထားပါ ။
မအိပ်မီ ၁ နာရီလောက် စောပြီး သောက်ပါ ။
ငှက်ပျောသီးကိုလည်း အခွံပါ စားနိုင်ပါတယ် ။

ကောင်းစွာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေပါလိမ့်မယ် ။

.

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages