- ထီးကေလး စာေပ

Random Posts

test banner

Post Top Ad

Responsive Ads Here
Uni
အတုံ့ အလှည့်
*************
ဖတ်ကြည့်နော်…

ဘယ်သူကမှ မုဆိုးမဟုတ်ပါဘူး။
ပြီးတော့…
ဘယ်သူကမှလည်း သားကောင်မဟုတ်ပါဘူး။

ကံတရားဆိုတာ…
အတုံ့အလှည့် ရှိပါတယ်။

သံသရာဆိုတာကလည်း…စက်ဝန်းကြီးတစ်ခုလို
ပါပဲ။

လူတစ်ယောက်ကို ကိုယ့်ကြောင့်ကျဆုံးစေခဲ့ရင်
အဲဒီလူ ကျဆုံးခဲ့တဲ့နေရာလေးကပဲ
နောင်တစ်ချိန် ကိုယ်လဲပြိုရမယ့် နေရာလေးဆိုတာ
သိထားပါ။

ကိုယ် စိတ်ချမ်းသာဖို့အတွက်
သူတစ်ပါး စိတ်ဆင်းရဲလိုက်ရတယ်။

ကိုယ် ပျော်ရွှင်ဖို့အတွက်
သူတစ်ပါး မျက်ရည်ကျခဲ့ရတယ်ဆိုရင်…

တစ်နေ့နေ့ တစ်ချိန်ချိန်မှာ
ကိုယ်လည်း သူ့လို ပြန်ခံစားရမယ်ဆိုတာ
မလွဲပါဘူး။

ကိုယ့်ကိုချစ်တဲ့သူကို
ကိုယ်က စိတ်ဆင်းရဲအောင်လုပ်မိရင်
နောင်တစ်ချိန်မှာ
ကိုယ်ချစ်ရတဲ့သူကလည်း
ကိုယ့်ကို စိတ်ဆင်းရဲအောင် လုပ်မှာပဲ။

ဘာထူးခြားသွားသလဲ-?

တစ်ချိန်က
သားကောင်ဖြစ်ဘူးသူတွေက
နောင်တစ်ချိန်မှာ
မုဆိုးဖြစ်ချင်ဖြစ်လာမယ်။

မုဆိုးပါဆိုတဲ့သူတွေကလည်း
တစ်ခါတစ်လေမှာ
သားကောင်ဖြစ်ခဲ့ရပြန်ရော။

တကယ်တမ်းကျတော့…
ဒါဟာ တစ်ဦးကိုတစ်ဦး
ဝဋ်ကြွေးတွေ လှည့်ပတ်ပေးဆပ်နေကြရတာပါ။

လူဖြစ်လာတယ်ဆိုကတည်းက…
ဝဋ်ကြွေးတွေဆပ်ဖို့ပါလို့
ကျွန်တာ်တို့ကို ဘုရားရှင်က ဟောကြားထားခဲ့ပြီး
သား။

ကိုယ်ကိုယ်တိုင်က
ထိခိုက်နာကျင်သူဖြစ်နေမယ်ဆိုရင်တောင်
နာကျည်းမုန်းတီးတဲ့စိတ်တွေနဲ့ မတုံ့ပြန်မိဖို့ပဲ
ကြိုးစားပါ။

သံသရာမှာ ကိုယ့်အနေနဲ့
ဝဋ်ကြွေးတွေ ထပ်မတင်ချင်ဘူးမို့လား-?

ဘယ်အရာမှမြဲတာမဟုတ်လို့
အရာအားလုံးက
သူ့အလိုလို ပျက်သုဉ်းပျောက်ကွယ်သွားမှာပါ။

ကိုယ့်ရဲ့ထိခိုက်နာကျင်မှုတွေဟာ
ဝဋ်ကြွေးတစ်ခုကို ပေးဆပ်နိုင်ခဲ့ပြီလို့ တွေးလိုက်ရင်ပဲ
ကျေနပ်စရာကောင်းလှပါတယ်။

ပြီးတော့ နောင်သံသရာမှာ
ဒီလိုဝဋ်ကြွေးတွေ မပါအောင်လို့

ဒီဘဝမှာ…
သူတစ်ပါးကို ထိခိုက်နာကျင်အောင်
မပြောမိ၊ 
မလုပ်မိ၊
မကြံစည်မိအောင် ကြိုးစားပြီးနေထိုင်သွားတာကပဲ
ကိုယ့်ဘဝအတွက်
အကောင်းဆုံး နေထိုင်ခြင်းလေး ဖြစ်မှာပါ။





Zawgyi
အတုံ႕ အလွည့္
*************
ဖတ္ၾကည့္ေနာ္…

ဘယ္သူကမွ မုဆိုးမဟုတ္ပါဘူး။
ၿပီးေတာ့…
ဘယ္သူကမွလည္း သားေကာင္မဟုတ္ပါဘူး။

ကံတရားဆိုတာ…
အတုံ႕အလွည့္ ရွိပါတယ္။

သံသရာဆိုတာကလည္း…စက္ဝန္းႀကီးတစ္ခုလို
ပါပဲ။

လူတစ္ေယာက္ကို ကိုယ့္ေၾကာင့္က်ဆဳံးေစခဲ့ရင္
အဲဒီလူ က်ဆဳံးခဲ့တဲ့ေနရာေလးကပဲ
ေနာင္တစ္ခ်ိန္ ကိုယ္လဲၿပိဳရမယ့္ ေနရာေလးဆိုတာ
သိထားပါ။

ကိုယ္ စိတ္ခ်မ္းသာဖို႔အတြက္
သူတစ္ပါး စိတ္ဆင္းရဲလိုက္ရတယ္။

ကိုယ္ ေပ်ာ္႐ႊင္ဖို႔အတြက္
သူတစ္ပါး မ်က္ရည္က်ခဲ့ရတယ္ဆိုရင္…

တစ္ေန႕ေန႕ တစ္ခ်ိန္ခ်ိန္မွာ
ကိုယ္လည္း သူ႕လို ျပန္ခံစားရမယ္ဆိုတာ
မလြဲပါဘူး။

ကိုယ့္ကိုခ်စ္တဲ့သူကို
ကိုယ္က စိတ္ဆင္းရဲေအာင္လုပ္မိရင္
ေနာင္တစ္ခ်ိန္မွာ
ကိုယ္ခ်စ္ရတဲ့သူကလည္း
ကိုယ့္ကို စိတ္ဆင္းရဲေအာင္ လုပ္မွာပဲ။

ဘာထူးျခားသြားသလဲ-?

တစ္ခ်ိန္က
သားေကာင္ျဖစ္ဘူးသူေတြက
ေနာင္တစ္ခ်ိန္မွာ
မုဆိုးျဖစ္ခ်င္ျဖစ္လာမယ္။

မုဆိုးပါဆိုတဲ့သူေတြကလည္း
တစ္ခါတစ္ေလမွာ
သားေကာင္ျဖစ္ခဲ့ရျပန္ေရာ။

တကယ္တမ္းက်ေတာ့…
ဒါဟာ တစ္ဦးကိုတစ္ဦး
ဝဋ္ေႂကြးေတြ လွည့္ပတ္ေပးဆပ္ေနၾကရတာပါ။

လူျဖစ္လာတယ္ဆိုကတည္းက…
ဝဋ္ေႂကြးေတြဆပ္ဖို႔ပါလို႔
ကြၽန္တာ္တို႔ကို ဘုရားရွင္က ေဟာၾကားထားခဲ့ၿပီး
သား။

ကိုယ္ကိုယ္တိုင္က
ထိခိုက္နာက်င္သူျဖစ္ေနမယ္ဆိုရင္ေတာင္
နာက်ည္းမုန္းတီးတဲ့စိတ္ေတြနဲ႕ မတုံ႕ျပန္မိဖို႔ပဲ
ႀကိဳးစားပါ။

သံသရာမွာ ကိုယ့္အေနနဲ႕
ဝဋ္ေႂကြးေတြ ထပ္မတင္ခ်င္ဘူးမို႔လား-?

ဘယ္အရာမွၿမဲတာမဟုတ္လို႔
အရာအားလုံးက
သူ႕အလိုလို ပ်က္သုဥ္းေပ်ာက္ကြယ္သြားမွာပါ။

ကိုယ့္ရဲ႕ထိခိုက္နာက်င္မႈေတြဟာ
ဝဋ္ေႂကြးတစ္ခုကို ေပးဆပ္နိုင္ခဲ့ၿပီလို႔ ေတြးလိုက္ရင္ပဲ
ေက်နပ္စရာေကာင္းလွပါတယ္။

ၿပီးေတာ့ ေနာင္သံသရာမွာ
ဒီလိုဝဋ္ေႂကြးေတြ မပါေအာင္လို႔

ဒီဘဝမွာ…
သူတစ္ပါးကို ထိခိုက္နာက်င္ေအာင္
မေျပာမိ၊ 
မလုပ္မိ၊
မႀကံစည္မိေအာင္ ႀကိဳးစားၿပီးေနထိုင္သြားတာကပဲ
ကိုယ့္ဘဝအတြက္
အေကာင္းဆုံး ေနထိုင္ျခင္းေလး ျဖစ္မွာပါ။


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...

Post Bottom Ad

Responsive Ads Here

Pages